SJ WorldNews - шаблон joomla Авто

နျူကလီးယား သဘောတူညီချက် ပျက်ပြားစေရန် လုပ်ဆောင်ပါက တုံ့ပြန်မည်ဟု အီရန်ပြော

Sunday, 15 October 2017 15:37 font size decrease font size decrease font size increase font size increase font size

တီဟီရန်  အောက်တိုဘာ  ၁၄

အီရန်နျူကလီးယား သဘောတူညီချက် ပျက်ပြားစေရန်လုပ်ဆောင်ပါက တုံ့ပြန်သွားမည်ဟု အီရန်သမ္မတ ဟက်ဆန်ရိုဟာနီက ပြောသည်။

အီရန်နိုင်ငံသည် အင်အားကြီးခြောက်နိုင်ငံနှင့် သဘောတူချမှတ်ထားသော ကျယ် ပြန့်သည့် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်  (JCPOA) ကို လိုက်နာမှုရှိသည်ဟု တရား ဝင်ထုတ်ပြန်မည် မဟုတ်ကြောင်း အမေရိကန် သမ္မတ  ဒေါ်နယ်ထရမ့် ကပြောပြီးနောက် ရိုဟာနီ၏ ပြောဆိုချက် ထွက်ပေါ်လာခြင်းဖြစ် သည်။

ထို့ပြင် အီရန်သည် အကြမ်းဖက်အဖွဲ့အစည်းများအား အထောက်အပံ့ပေးနေသည် ဟု အမေရိကန်အစိုးရက စွပ်စွဲထားပြီး အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့အပေါ် ပိတ် ဆို့မှုအသစ်များ ချမှတ်ရန် ထရမ့်က အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနကို ညွှန်ကြား ထားသည်။

သို့သော် ကမ္ဘာ့အင်အားကြီး နိုင်ငံများနှင့် အီရန်တို့အကြား သဘောတူ ချမှတ်ထားပြီး ကုလသမဂ္ဂက ထောက်ခံထားသည့်  နိုင်ငံတကာ သဘောတူညီချက် တစ်ရပ်ဖြစ်သော နျူကလီးယား သဘောတူညီချက်ကို မည်သည့် နိုင်ငံ၏ သမ္မတတစ်ဦးတစ်ယောက်ကမျှ ပြန်လည်ရုပ်သိမ်းခွင့် မရှိဟု ရိုဟာနီ ကတုံ့ပြန်ထားသည်။

အီရန်အနေဖြင့် နျူကလီးယား သဘောတူညီချက်နှင့် စပ်လျဉ်း၍ ပြန်လည်စေ့စပ်ညှိနှိုင်းမည် မဟုတ်ကြောင်းနှင့် ၎င်းတို့၏ တော်လှန်ရေး အစောင့်တပ်ဖွဲ့သည် အကြမ်းဖက်မှု တိုက်ဖျက်ရေးကို ရပ်တန့်ခြင်းမရှိဘဲ  ဆက်လက် လုပ်ဆောင်သွားမည်ဟု  ရိုဟာနီက ပြောထားကြောင်း သိရသည်။

Read 324 times Last modified on Sunday, 15 October 2017 15:38