SJ WorldNews - шаблон joomla Авто

ကယ်လီဖိုးနီးယား ပြည်နယ်၌ တောမီးလောင်ကျွမ်းမှု ဆက်လက်ဖြစ်ပွား ၊ သေဆုံးသူ ၃၅ ဦးအထိမြင့်တက်

Sunday, 15 October 2017 15:42 font size decrease font size decrease font size increase font size increase font size

ဆိုနိုမာ  အောက်တိုဘာ  ၁၄

ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်း တွင် တောမီးလောင်ကျွမ်းမှု ဆက်လက်ဖြစ်ပွား ခြင်းကြောင့် သေဆုံးသူ ၃၅ ဦးအထိ မြင့်တက် လာပြီဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ဝင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တောမီးလောင်ကျွမ်းမှုသည် နိုင်ငံ၏သမိုင်းတွင် လူအသေအပျောက် အများဆုံး ဖြစ်ပွားသည့် မီးလောင်မှုဖြစ်ကြောင်း  သိရသည်။ ဝိုင်အဓိက ထုတ်လုပ်သည့် ကယ်လီဖိုးနီးယားပြည်နယ် အလယ်ပိုင်းတွင် ပြီးခဲ့သည့် ရက်သတ္တပတ်မှစ၍ ပြင်းထန်သည့် လေတိုက်နှုန်းနှင့်အတူ  ကူးစက်လောင်ကျွမ်းသည့် တောမီးလောင်မှုကြောင့်   ဆန်ဖရန်စစ္စကို မြောက်ပိုင်းရှိ   စီးပွားရေးလုပ်ငန်းများနှင့် ခန့်မှန်းခြေ လူနေအိမ် ၅၇ဝဝ ကျော် ပျက်စီးကာ ဒေသခံ  ၂၅ဝဝဝ မှာ ဘေးကင်းရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။

အဆိုပါတောမီးလောင်ကျွမ်းမှုကြောင့် ဆိုနိုမာစီရင်စုရှိ ဒေသခံ ၂ဝဝ ကျော်မှာ ပျောက် ဆုံးနေဆဲဖြစ်ကြောင်းနှင့် မီးလောင်ကျွမ်းသွားသည့် တိုက်ခန်းများတွင် နေထိုင်သူများကို တာဝန်ရှိသူများက အပျက်အစီးများ အောက်မှ ရှာဖွေလျက်ရှိကြောင်း သိရသည်။

Read 379 times Last modified on Sunday, 15 October 2017 15:43