SJ WorldNews - шаблон joomla Авто

အိန္ဒိယနိုင်ငံ ဘင်ဂါလူရူမြို့၌ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုကြောင့် လူငါးဦး သေဆုံး

Sunday, 15 October 2017 15:45 font size decrease font size decrease font size increase font size increase font size

ဘင်ဂါလူရူ အောက်တိုဘာ ၁၄

အိန္ဒိယနိုင်ငံ ကာနာတာကာ ပြည်နယ်၏ မြို့တော်ဘင်ဂါလူရူမြို့၌ အောက်တိုဘာ ၁၃ ရက် ညနေပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းရာမြို့၏အနောက်ဘက်နှင့် အနောက်တောင်ဘက်တွင် ရေကြီးမှုများဖြစ်ပွားပြီး  လူငါးဦး သေဆုံးသွားကြောင်း သိရသည်။

ဘင်ဂါလူရူမြို့၌ လွန်ခဲ့သည့် ရက်သတ္တပတ်ကလည်း မိုးသည်းထန်စွာ ရွာသွန်းရာမှ လမ်းများပျက်စီးမှုကြောင့် လူလေးဦး သေဆုံးသွားကြောင်း သိရသည်။

အောက်တိုဘာ ၁၃ ရက် ညနေပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အထူးသဖြင့် မြို့၏အနောက်ဘက်နှင့် အနောက်တောင်ဘက်တွင် ရေလွှမ်းမိုးကာ လမ်းများပျက်စီး၍  ယာဉ်ပိတ်ဆို့မှုများလည်း ဖြစ်ပွားကြောင်း သိရသည်။ရုပ်သံသတင်းဌာန၏ ထုတ်လွှင့်ပြသချက်အရ ကယ်ဆယ်ရေးအဖွဲ့သည် ရေကြီးမှုဖြစ်ပွားနေသော လမ်းတစ်ခုရှိ  ကားအမိုးအထိ နစ်မြုပ်လုနီးပါးဖြစ်နေသော ကားတစ်စီးအတွင်း  ပိတ်မိနေသော အမျိုးသမီး တစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါမြို့၌ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုကြောင့် အောက်တိုဘာ ၁၃ ရက် ညအချိန်တွင် မိုင်စူရူလမ်းရှိ  နရန်ဒါဟယ်လီအဝိုင်း၌  ယာဉ်မတော်တဆမှုများ ဖြစ်ပွားကြောင်း သိရသည်။

Read 379 times Last modified on Sunday, 15 October 2017 15:46