SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

အီရန်နှင့်စီးပွားရေးအရဆက်ဆံမှု တိုးမြှင့် ရန်ဆုံးဖြတ်ထားဟု ပြင်သစ်ဆို

Monday, 16 October 2017 09:04 font size decrease font size decrease font size increase font size increase font size

အောက်တိုဘာ ၁၅

အမေရိကန် အစိုးရက အီရန်နျူကလီးယား သဘောတူညီချက်ကို ပယ်ဖျက်ရေးကြိုးပမ်း လုပ်ဆောင်နေသော်လည်း ပြင်သစ်နိုင်ငံအနေဖြင့်

အီရန်နှင့် စီးပွားရေးအရ ဆက်ဆံ မှုကိုတိုးမြှင့်ရန်ဆုံးဖြတ်ထားကြောင်း ပြင်သစ်စီးပွားရေးဝန်ကြီး ဘရူနိုလမိုင်းကပြောသည်။ထို့ပြင် အင်အားကြီးနိုင်ငံများနှင့် အီရန်တို့ အကြားချမှတ်ထားသည့် နျူကလီးယား သဘောတူညီချက်သည် အီရန်အပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ဖယ်ရှားပေးသည့် အရေးပါသောသဘော တူညီချက် တစ်ရပ် အဖြစ်ပြင်သစ်နိုင်ငံက ဆက်လက် သဘောထားကြောင်း လမိုင်းက နယူးယောက်မြို့၌ အီရန်စီးပွားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် ပြောသည်။ နှစ်နိုင်ငံအကြား စီးပွားရေးအရ ဆက်ဆံမှုတိုးတက်လာစေရန် ပြင်သစ်နိုင်ငံက ကြိုးပမ်းသွားမည်ဟု လမိုင်း၏ပြောဆိုချက်ကို ကိုးကား၍ အီရန် မီဒီ ယာ တစ်ခုက လည်း ထုတ်ပြန် ထားသည်။

လမိုင်း၏ပြောဆိုချက်သည် အီရန်နှင့် အင်အားကြီးနိုင်ငံများအကြား ချမှတ်ထားသည့် နျူကလီးယား သဘောတူညီချက်ကို ပယ်ဖျက်၍ ယင်းသဘောတူညီချက်မှ နုတ်ထွက်မည်ဟု အမေရိကန်က အောက်တိုဘာ ၁၃ ရက် တွင် ခြိမ်းခြောက်ပြီး နောက်ထွက်ပေါ်လာခြင်း ဖြစ်သည်။

Read 363 times