SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

နှစ်နိုင်ငံ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရန် ရုရှားနှင့်ဗြိတိန် ဆွေးနွေးမည်

Monday, 16 October 2017 08:58 font size decrease font size decrease font size increase font size increase font size

မော်စကို အောက်တိုဘာ ၁၅

ရုရှား အစိုးရသည် နိုင်ငံသို့ အလည်အပတ် လာမည့် ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး သောရစ်ဂျွန်ဆင်၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရန် အတွက် အဓိကထား ဆွေးနွေးသွားမည်ဟု ရုရှားပထမ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ဗလာဒီမာ တီတော့က ပြောသည်။

နှစ်နိုင်ငံ ဆက်ဆံရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးရန်အတွက် ရုရှားသို့ အလည်အပတ်လာရန် နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလက်ရော့က ဖိတ်ခေါ်ပြီးနောက် ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး၏  ခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဂျွန်ဆင်အနေဖြင့် ရုရှားနိုင်ငံသို့ ယခုနှစ်ကုန်တွင် သွားရန် စီစဉ်ထားကြောင်း ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဌာနက အစောပိုင်းတွင် ထုတ်ပြန်ထားသည်။ အဆိုပါ ခရီးစဉ်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေးကို အဟန့်အတား ဖြစ်စေသည့် အရာများကို ဖယ်ရှားနိုင်ရေးအတွက် နှစ်နိုင်ငံစလုံးက ဆွေးနွေးသွားမည် ဖြစ်ကြောင်း တီတော့ကဆိုသည်။ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ဆင်သည် ရုရှားနိုင်ငံသို့ ယခုနှစ်ဧပြီလတွင် သွားရန် စီစဉ် ခဲ့သော်လည်း ဆီးရီးယား စစ်အခြေစိုက် စခန်းတစ်ခုကို အမေရိကန်က ဒုံးကျည်ဖြင့် တိုက်ခိုက်မှုအပေါ် ရုရှားအစိုးရက ပြစ်တင် ဝေဖန်မှုကြောင့် ဗြိတိန်အစိုးရက အဆိုပါ ရုရှားခရီးစဉ်ကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်ကြောင်းသိရသည်။

Read 320 times Last modified on Monday, 16 October 2017 09:19