SJ WorldNews - шаблон joomla Авто

ဂျပန်ပင်လယ်ပြင် အတွင်း တရုတ်၏ စစ်ရေးလှုပ်ရှားမှုများ တိုးမြင့် လာခြင်းနှင့် ပတ်သက်၍ တရုတ် လေတပ်ဦးစီးချုပ် ကာကွယ်ပြောဆို

Saturday, 12 August 2017 10:41 font size decrease font size decrease font size increase font size increase font size

ပေကျင်း    သြဂုတ်   ၁၁

ဂျပန်ပင်လယ်ပြင်အတွင်း တရုတ်နိုင်ငံ၏ စစ်ရေးလှုပ်ရှားမှုများ တိုးမြင့်လာခြင်း နှင့်ပတ် သက်၍ ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ပြီးနောက် ယင်းပင် လယ်ပြင်သည် ဂျပန်နိုင်ငံပိုင် မဟုတ်ကြောင်း တရုတ်လေတပ်ဦးစီးချုပ်က ၄င်းတို့၏ စစ်ရေး လှုပ်ရှားမှုများနှင့် ပတ်သက်၍ ကာကွယ်ပြော ဆိုလိုက်သည်။

ဂျပန်ပင်လယ်သည် ဂျပန်နိုင်ငံ၏ အချုပ်အခြာ အာဏာပိုင် မဟုတ်ကြောင်း၊ တရုတ် စစ်ဘက်အနေဖြင့်  ပင်လယ်ပြင်တွင် စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ တရုတ်လေတပ်သည် မြေပြင်တစ်ခုတည်း အတွက်သာ  ကာကွယ်မှု မလုပ်ဆောင်နိုင်  ကြောင်းနှင့်   ယင်းသ ပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှုကို လျှော့ချသွားမည် မဟုတ်ကြောင်း တရုတ်ပြည်သူ့ တပ်မတော် လေတပ်ဦးစီးချုပ် မားရှောင်ထင်းက  ချောင်ချွင်မြို့၌ ပြုလုပ်သည့် စစ်ရေး အခမ်းအနား တစ်ခုတွင် ပြောသည်။ သို့သော် ဂျပန်ပင်လယ်အတွင်း စစ်ရေးလုပ်ဆောင်မှုသည်   ဂျပန်နိုင်ငံက ထုတ်ပြန်သကဲ့သို့ များပြားမှု မရှိကြောင်းနှင့် ၄င်းတို့က ချဲ့ကားပြောဆိုနေခြင်းသာ ဖြစ်ကြောင်း မားကပြောသည်။

တရုတ်နိုင်ငံသည် အရှေ့တရုတ်ပင်လယ် အတွင်းနှင့်အနောက်ပစိဖိတ်ဒေသတို့ကို စစ် ရေးအရ လွှမ်းမိုးနိုင်ရန် လုပ်ဆောင်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ဂျပန်နိုင်ငံ၏ ဝေဟင်ပိုင်နက် အတွင်းသို့ ကျူးကျော်ဝင်ရောက်လေ့ ရှိသည့်အတွက် စိတ်ပူကြောင်း ဂျပန်စစ်ဘက်က ပြော သည်။                  

Read 16 times Last modified on Saturday, 12 August 2017 10:43