SJ WorldNews - шаблон joomla Авто

၂ဝ၁၆ ခုနှစ်နှင့် နှိုင်းယှဉ်ပါက စပိန်သို့ ဒုက္ခသည်ဝင်ရောက်မှု သုံးဆမြင့်တက်လာ

Saturday, 12 August 2017 13:17 font size decrease font size decrease font size increase font size increase font size

မက်ဒရစ် သြဂုတ် ၁၁

စပိန်နိုင်ငံ၌ ယခုနှစ် အတွင်း ရောက်ရှိလာ သော ဒုက္ခသည် အရေအတွက်သည် ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်နှင့် နှိုင်းယှဉ်ပါက သုံးဆမြင့်တက်လာကြောင်း နိုင်ငံတကာ ရွှေ့ပြောင်းဒုက္ခသည်များ ဆိုင်ရာ အဖွဲ့အစည်း (IOM) ကပြောသည်။

စပိန်နိုင်ငံသို့ ပင်လယ်ရေကြောင်းများမ တစ်ဆင့်ရောက်ရှိသော ဒုက္ခသည် အရေအတွက်သည် ၈၃၈၅ ဦးရှိပြီး ဒုက္ခသည် ၁၁၇၁၃ ဦးသာရှိသော ဂရိနိုင်ငံကို ကျော်လွန်နိုင်ဖွယ်ရှိကြောင်း သိရသည်။ ထို့ပြင် ဒုက္ခသည်များက ဘေးကင်းလုံခြုံသော စပိန်လမ်းကြောင်းကို ရှာဖွေနေသည့်အတွက် ပြောင်းရွှေ့မှုများ ဖြစ်လာနိုင်ကြောင်း သိရသည်။

စပိန်နိုင်ငံ၌ ယခုနှစ်အတွင်း ဒုက္ခသည် ၁၁၈၄၉ ဦးရောက်ရှိပြီး ပြီးခဲ့သည့် တစ်နှစ်လုံးတွင် ၁၃၂၄၆ ဦးသာရှိကြောင်း IOM ကပြောသည်။ မော်ရိုကိုမှ တစ်ဆင့် စပိန်သို့ ဝင်သည့်လမ်းကြောင်းသည် ဘေးကင်းသော လမ်းကြောင်းအဖြစ် ဒုက္ခသည်များက ယူဆထားကြောင်း IOM မှ ပြောရေးဆိုခွင့် ရှိသူ ဂျိုးမေမန်းက ပြောသည်။

ထို့ပြင် ယခုနှစ်အတွင်း စပိန်ရှိ ဒုက္ခသည် အရေအတွက်သည် ဂရိနိုင်ငံကို ကျော်တက်နိုင်ဖွယ်ရှိပြီး အကယ်၍ ယင်းကဲ့သို့ ဖြစ်လာပါက ပြောင်းလဲမှုကြီး တစ်ခုဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောထားသည်။

Read 66 times Last modified on Saturday, 12 August 2017 13:19