SJ WorldNews - шаблон joomla Авто

တရုတ်နိုင်ငံ၌ ဘတ်စကားတစ်စီးက လိုဏ်ခေါင်းနံရံ တစ်ခုကို ဝင်တိုက်၊ လူ ၃၆ ဦးသေဆုံး

Saturday, 12 August 2017 13:19 font size decrease font size decrease font size increase font size increase font size

ပေကျင်း သြဂုတ် ၁၁

တရုတ်နိုင်ငံမြောက်ပိုင်း အမြန်လမ်းမကြီး ရှိ ဥမင်လိုဏ်ခေါင်းနံရံတစ်ခုကို ဘတ်စကားတစ်စီးကဝင်တိုက်ရာ အနည်းဆုံး လူ ၃၆ ဦး သေဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိကြောင်း ဒေသတွင်း သတင်းဌာနက သြဂုတ် ၁၁ ရက်တွင် ပြောသည်။

အဆိုပါ အဝေးပြေး ဘတ်စကားသည် နိုင်ငံအနောက်တောင်ပိုင်း ဆီချွမ်ပြည်နယ်ရှိ ချန်ဒူမြို့မှ နိုင်ငံအလယ်ပိုင်း လျိုယန်းမြို့သို့ ထွက်ခွာလာစဉ် သြဂုတ် ၁ဝ ရက် ညပိုင်းတွင် ရှန်းဇီးပြည်နယ်ရှိ ကျင်လင်းလိုဏ်ခေါင်းကို ဝင်တိုက်ခြင်းဖြစ်ကြောင်း ဒေသတွင်း တာဝန်ရှိသူများ၏ ပြောဆိုချက်ကို ကိုးကား၍ Xinhua သတင်းဌာနက ထုတ်ပြန်သည်။

ခရီးသည် ၅၁ ဦးဆံ့ ၄င်းဘတ်စကားတွင် လူ ၄၉ ဦးလိုက်ပါလာပြီး ဒဏ်ရာရရှိသူ ၁၃ဦးကို တာဝန်ရှိသူများက ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ၄င်းသတင်းဌာနက ဆက်လက်ထုတ်ပြန်ထားသည်။

Read 136 times Last modified on Saturday, 12 August 2017 13:22