SJ WorldNews - шаблон joomla Авто

အီရန်နှင့်အီရတ်နယ်စပ်၌ ပြင်းအား ၇ ဒသမ ၃ မဂ္ဂနီကျူ့ရှိ ငလျင်လှုပ်ခတ်၊ သေဆုံးသူ ၃၄၅ ဦး အထိရှိ

Tuesday, 14 November 2017 10:11 font size decrease font size decrease font size increase font size increase font size

တီဟီရန်   နိုဝင်ဘာ   ၁၃

အီရန်နှင့်အီရတ်နိုင်ငံ နယ်စပ်၌ နိုဝင်ဘာ ၁၂ ရက်ညပိုင်းတွင် ပြင်းအား ၇ ဒသမ ၃ မဂ္ဂနီကျူ့ရှိ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ အရေအတွက်မှာ အီရန်ဘက်ခြမ်းတွင် နိုဝင်ဘာ ၁၃ ရက်၌ ၃၃၉ ဦးအထိ မြင့်တက်လာပြီး  ဒဏ်ရာရရှိသူ ၂၅၃ဝ ရှိကြောင်း သေမှုသေခင်း စုံစမ်းစစ်ဆေးရေး အရာရှိရုံးကပြောသည်။

အီရတ်နယ်စပ်ဘက်တွင် ငလျင်လှုပ်ခတ်မှုကြောင့် ဆူလိုင်မန်နီယတ်ပြည်နယ်၌ ခြောက်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၁၅ဝ ခန့်ရှိကြောင်း   အီရတ်အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါငလျင်သည် အီရတ်ကာဒစ်စတန်ရှိ ဟာလတ်ဂျာဒေသ အနောက်တောင်ဘက် ကီလိုမီတာ ၃ဝ ခန့်၌ ဒေသစံတော်ချိန် ည ၉ နာရီ မိနစ် ၂ဝ ခန့်တွင် လှုပ်ခတ်ခြင်းဖြစ်ပြီး ငလျင်လှုပ်ခတ်စဉ် နေအိမ်များတွင် လူအများ အပြား ရှိနေကြောင်း အမေရိကန် ဘူမိဗေဒ လေ့လာစောင့်ကြည့်ရေး အဖွဲ့ကပြောသည်။

ငလျင်လှုပ်ခတ်မှုအတွင်း  မြေပြိုမှုများကြောင့် လမ်းမများ ပိတ်ဆို့နေသည့်အတွက် ကယ်ဆယ်ရေး အဖွဲ့ဝင်များ စေလွှတ်ရန် ခက်ခဲလျက်ရှိကြောင်း အီရန်အရေးပေါ်ဌာနများမှ အကြီးအကဲ ပါဟွတ်စိန်ကူးလီဗန်က ပြောသည်။ အီရန်နိုင်ငံရှိ ငလျင်အဆိုးဝါးဆုံး လှုပ်ခတ်ခဲ့သည့်မြို့များတွင် အတ်ဂါလတ်နှင့် ကာမန်ရှတ်ဒေသရှိ ကွာဆာအီရှီရင်မြို့တို့ ပါဝင်ပြီး ကြက်ခြေနီအဖွဲ့ ၃ဝ ကို ယင်းဒေသများသို့ စေလွှတ်ထားကြောင်း ၎င်းက ဆက်ပြောသည်။

ယင်းငလျင်သည် မြေပြင်အနက် ၂၅ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခြင်းဖြစ်ပြီး ဘဂ္ဂဒက်မြို့တွင် စက္ကန့်  ၂ဝ သာ လှုပ်ခတ်ကြောင်းနှင့် အခြားပြည်နယ်များတွင် ပိုကြာကြောင်း သိရသည်။ အီရန်တွင်မူ တာဘရစ်မြို့ အပါအဝင် နိုင်ငံ၏ အနောက်ဘက်မြို့များတွင်ပါ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

Read 5 times Last modified on Tuesday, 14 November 2017 10:11