SJ WorldNews - шаблон joomla Авто

အမြဲတမ်း ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု သဘောတူ စာချုပ်တွင် ဥရောပ သမဂ္ဂ အဖွဲ့ဝင် ၂၃ နိုင်ငံ လက်မှတ်ထိုး

Tuesday, 14 November 2017 13:06 font size decrease font size decrease font size increase font size increase font size

ဘရပ်ဆဲ    နိုဝင်ဘာ    ၁၃

ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ၂၃ နိုင်ငံမှ ကာကွယ်ရေး ဝန်ကြီးများသည် ဘရပ်ဆဲမြို့၌ နိုဝင်ဘာ ၁၃ ရက်တွင် အမြဲတမ်းကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်(PESCO) ကို လက်မှတ်ထိုးပြီး ၎င်းသဘောတူစာချုပ်ကို ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ မူဝါဒအကြီးအကဲ ဖက်ဒရီကာမိုဂါရီနီထံသို့ လွှဲပြောင်းပေးအပ်ကြောင်း သိရသည်။

အမြဲတမ်းကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်အရ အဖွဲ့ဝင်နိုင်ငံများ အချင်းချင်း လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် အနီးကပ် ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်း ပြည်ပရေးရာ ကောင်စီမှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၂၈ နိုင်ငံအနက် ဗြိတိန်၊ ဒိန်းမတ်၊ ပေါ်တူဂီ၊ အိုင်ယာလန်နှင့် မော်တာနိုင်ငံတို့သည် PESCO  သဘောတူစာချုပ်၌ ပါဝင်ခြင်း ရှိ၊ မရှိနှင့်ပတ်သက်၍ မဆုံးဖြတ်ရသေးပေ။

PESCO သဘောတူစာချုပ်ကို ၂ဝ၁၇ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ကျင့်သုံးမည်ဖြစ်ကြောင်း ဥရောပကော်မရှင်က ပြောဆိုထားသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

Read 12 times Last modified on Tuesday, 14 November 2017 13:07