SJ WorldNews - шаблон joomla Авто

ဗင်နီဇွဲလား နိုင်ငံအပေါ် လက်နက် ကုန်သွယ်မှု ပိတ်ပင်ခြင်း အပါအဝင် အရေးယူ ပိတ်ဆို့မှုများ ချမှတ်ရန် ဥရောပသမဂ္ဂ အတည်ပြု

Tuesday, 14 November 2017 13:20 font size decrease font size decrease font size increase font size increase font size

ဘရပ်ဆဲ  နိုဝင်ဘာ  ၁၃

ဥရောပသမဂ္ဂမှ နိုင်ငံခြားရေး ဝန်ကြီးများသည် ဗင်နီဇွဲလားနိုင်ငံ၌ ပြီးခဲ့သည့်လတွင် ပြုလုပ်သည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ယင်းနိုင်ငံအပေါ် လက်နက်ကုန်သွယ်မှု ပိတ်ပင်ခြင်း အပါအဝင် စီးပွားရေးအရအရေးယူ ပိတ်ဆို့မှုများ ချမှတ်ရန် နိုဝင်ဘာ ၁၃ ရက်တွင် အတည်ပြုလိုက်ကြောင်း သိရသည်။

တို့အနေဖြင့် ဒီမိုကရေစီကို အခြေပြုပြီး ငြိမ်းချမ်းစွာဖြေရှင်းမှုကို ရှာဖွေရန်အတွက် အစိုးရနှင့် အတိုက်အခံအဖွဲ့အကြား ဆွေးနွေးပွဲများပြုလုပ်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း စပိန်နိုင်ငံခြားရေး ဝန်ကြီး အယ်ဖွန်ဆိုဒတ်တစ်က ယင်းကိစ္စနှင့် ပတ်သက်၍ အခြားဥရောပ နိုင်ငံခြားရေး ဝန်ကြီးများနှင့် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် သတင်းထောက်များအား ပြောထားသည်။

စပိန်အစိုးရသည် မာဒူရိုနှင့်ဆက်နွှယ်သော အရာများကို  အရေးယူပိတ်ဆို့မှုချမှတ်ရန် ကြာမြင့်စွာ တွန်းအားပေးသော်လည်း ဥရောပသမဂ္ဂက အရေးယူပိတ်ဆို့မှု ပြုမည့်လူများကို ခွဲခြားလိုက်ကြောင်း သိရသည်။

ဥရောပသမဂ္ဂသို့ တစ်ဦးချင်း ခရီးသွားလာမှု တားမြစ်ရေးနှင့် ဥရောပရှိ ပစ္စည်းများ သုံးစွဲခြင်း ပိတ်ပင်မှုအတွက် ဥပဒေရေးရာများကို ဖြည်းညင်းစွာ ပြုပြင်နိုင်သောနည်းဖြင့် အသုံးပြုပြီး တိုးချဲ့နိုင်ကြောင်း ဥရောပဝန်ကြီး ၂၅ ဦးက ပူးပေါင်းထုတ်ပြန်ချက်တွင် ပြောထားသည်။

ဗင်နီဇွဲလားနိုင်ငံ၌ အောက်တိုဘာ ၁၅ ရက်တွင် ပြုလုပ်သည့်ဒေသတွင်း ရွေးကောက်ပွဲသည် ဥရောပ၏သဘောထားကို တင်းမာစေရန် လုပ်ဆောင်သော အလှည့်အပြောင်း တစ်ခုဖြစ်ကြောင်း ၎င်းတို့က ထုတ်ပြန်ချက်တွင် ပြောထားသည်။    

Read 16 times Last modified on Tuesday, 14 November 2017 13:20