SJ WorldNews - шаблон joomla Авто

အီရန်၏ စွက်ဖက်မှုကြောင့် အာရပ်အဖွဲ့ချုပ် အရေးပေါ် အစည်းအဝေး ခေါ်ရန် ဆော်ဒီ တောင်းဆို

Tuesday, 14 November 2017 13:23 font size decrease font size decrease font size increase font size increase font size

ကိုင်ရို  နိုဝင်ဘာ  ၁၃

နိုင်ငံ၏ပြည်တွင်းရေးတွင် အီရန်၏ ဝင်ရောက်စွက်ဖက်မှုနှင့် စပ်လျဉ်း၍ အာရပ်အဖွဲ့ချုပ် အရေးပေါ်အစည်းအဝေးခေါ်ရန် ဆော်ဒီအာရေဗျက တောင်းဆိုလိုက်ကြောင်း သိရသည်။

ယီမင်နိုင်ငံအတွင်းရှိ    ဟူသီသူပုန်များက ဆော်ဒီအာရေဗျသို့ ပစ်ခတ်လိုက်သည့် ဒုံးကျည် တစ်စင်းကို   ဆော်ဒီတပ်ဖွဲ့များက   ယခုလအစောပိုင်းတွင် ကြားဖြတ် တားဆီးနိုင်ပြီးနောက် တင်းမာမှု များဖြစ်ပေါ်နေစဉ် အာရပ်အဖွဲ့ချုပ်၏ နိုင်ငံခြားရေး ဝန်ကြီးများ အရေးပေါ် အစည်းအဝေးပြုလုပ်ရန် ဆော်ဒီအာရေဗျက နိုဝင်ဘာ ၁၂ ရက်တွင် တောင်းဆိုခြင်းဖြစ်သည်။

ဆော်ဒီအစိုးရ၏တောင်းဆိုချက်ကို ဘာရိန်း၊ အာရပ်စော်ဘွားများ  ပြည်ထောင်စုနှင့်   ဂျီဘူတီနိုင်ငံတို့က  ထောက်ခံထားသည်။  အီရန်နိုင်ငံသည် ဟူသီသူပုန်များအား ထောက်ခံပြီး လက်နက်ထောက် ပံ့နေခြင်းသည် နိုင်ငံအပေါ် စစ်ပြုခြင်းဖြစ်သည်ဟု ဆော်ဒီအာရေဗျ အစိုးရ က အစောပိုင်းတွင်စွပ်စွဲပြီး ၎င်းတို့အနေဖြင့် အီရန်အပေါ် တုံ့ပြန်ခွင့်ရှိသည်ဟု  ပြောထားသည်။ သို့ရာတွင် ဆော်ဒီအာရေဗျ၏ စွပ်စွဲချက်ကို အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ငြင်းဆိုထားသည်။

ဆော်ဒီအာရေဗျဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့သည် ယီမင်အစိုးရတပ်များအား ထောက်ခံပြီး  ယင်းနိုင်ငံရှိ  ဟူသီသူပုန်များကို ၂ဝ၁၅ ခုနှစ်မှစ၍  လေကြောင်းမှ တိုက်ခိုက်လျက် ရှိကြောင်း သိရသည်။

Read 16 times Last modified on Tuesday, 14 November 2017 13:23