SJ WorldNews - шаблон joomla Авто

မူးယစ်ဆေးဝါး အမှုဖြင့်သံသယရှိသူ ရုရှားနိုင်ငံသား နှစ်ဦးကို သက်ညှာခွင့် ပေးမည်ဟု ဒူတာတေ ကတိပြု

Wednesday, 15 November 2017 13:27 font size decrease font size decrease font size increase font size increase font size

မနီလာ   နိုဝင်ဘာ   ၁၄

မူးယစ်ဆေးဝါးအမှုဖြင့် သံသယရှိသူ ရုရှား နိုင်ငံသားနှစ်ဦးကို သက်ညှာခွင့်ပေးမည်ဖြစ်ပြီး ၎င်းတို့ကို အကျဉ်းသားများဖြင့် ပြည့်ကျပ်နေသော သာမန်အကျဉ်းထောင်များတွင် မထားဘဲ  သက်သောင့်သက်သာရှိသော နေအိမ်၌  ထိန်းသိမ်းထားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေက ဒေသတွင်း ညီလာခံတစ်ခု၏ ဘေးပန်းဆွေးနွေးပွဲ၌ ရုရှားဝန်ကြီးချုပ်   ဒီမီထရီမက်ဗီဒက်နှင့် တွေ့ဆုံစဉ် ကတိပြုလိုက်သည်။

အဆိုပါသံသယရှိသူ နှစ်ဦးသည် အမှန်တကယ် ပြစ်မှုကျူးလွန်ခြင်း ရှိ၊မရှိကို တိတိ ကျကျ မသိရသေးကြောင်း၊ သို့သော် အပြစ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ၎င်းတို့အား တရားမျှတမှုကို ပေးအပ်ပြီး မည်သည့်ဖိအားမျှမရှိစေရန်  ဆက်ဆံသွားမည်ဖြစ်ကြောင်း ဒူတာတေကပြောသည်။

ရုရှားနိုင်ငံသား နှစ်ဦးဖြစ်သည့် ယူရီကာ့ ယူရှခင်နှင့် အနက်စတာဆီယာနိုဗိုပါရှီနာတို့ သည် မူးယစ်ဆေးဝါး ကုန်သွယ်မှုဖြင့်  စုံစမ်း စစ်ဆေးခံနေရခြင်းဖြစ်သည်။

၁၆ လကြာမြင့်ပြီဖြစ်သော ဒူတာတေ၏ အုပ်ချုပ်မှု ကာလအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်မှုကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ပြီး ယင်းတိုက်ဖျက်မှုအတွင်း ရဲတပ်ဖွဲ့က မူးယစ်သံသယရှိသူ ၃၉၆၇ ဦးကို  အသေပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ယင်းကာလအတွင်း မူးယစ်မှုနှင့် ဆက်နွှယ်သော ရာဇဝတ်မှုများအတွင်း လူ ၂၂၉ဝ သေဆုံးပြီး အခြားထောင်ပေါင်းများစွာမှာလည်း  မဖော်ပြနိုင်သော အကြောင်း ရင်းများကြောင့် သေဆုံးကြောင်း အစိုးရ၏ တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။

သမ္မတဒူတာတေ လက်ထက်တွင် ရုရှား နိုင်ငံနှင့် ဆက်ဆံရေးသည် အလျင်အမြန် တိုးတက်လာပြီး   ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း မာရာဝီမြို့ရှိ စစ်သွေးကြွများကို တိုက်ဖျက်ရန် ရုရှားက သေနတ်များနှင့် အခြားစစ်လက်နက်ပစ္စည်း အများအပြားကို ထောက်ပံ့ပေးထားကြောင်း သိရသည်။

Read 8 times Last modified on Wednesday, 15 November 2017 13:28