SJ WorldNews - шаблон joomla Авто

ရုရှား၊ အီရန်နှင့် တူရကီ ခေါင်းဆောင်တို့ အကြား ဆီးရီးယားအရေး သဘော တူညီချက် ရရှိ

Friday, 24 November 2017 09:33 font size decrease font size decrease font size increase font size increase font size

မော်စကို နိုဝင်ဘာ ၂၃

ဆီးရီးယား ပြည်တွင်းစစ်ကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရန်အတွက် အသွင်ကူးပြောင်းရေးနှင့် နိုင်ငံအတွင်း ၌ တည်ငြိမ်အေးချမ်းမှုကို ပြန်လည် တည်ဆောက်ရေး ဆက်လက် ကြိုးပမ်းသွားရန် ရုရှား၊ အီရန်နှင့် တူရကီ နိုင်ငံတို့မှ ခေါင်းဆောင်များက သဘောတူလိုက်သည်။

ဆီးရီးယားရှိ အကြမ်းဖက် အဖွဲ့အစည်းများသည် စစ်ရေးအရ အင်အားချည့်နဲ့လာသည့်အတွက် ၎င်းတို့အ ပေါ်ပြုလုပ်နေသည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်ရေးကြီးများသည် မကြာမီအဆုံးသတ်တော့မည် ဖြစ်ကြောင်း၊ ထို့ကြောင့် နှစ်ပေါင်းများစွာ ကြာဖြစ်ပွားခဲ့သည့် ပြည် တွင်းစစ်ကို အဆုံးသတ်နိုင်မည့် အခွင့်အလမ်း ရှိနေပြီဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ဆိုချီမြို့၌ နိုဝင်ဘာ ၂၂ ရက်တွင် ပြုလုပ်သည့် သုံးနိုင်ငံ ထိပ်သီးဆွေးနွေးပွဲတွင် ပြောသည်။ ထို့ပြင် ဆီးရီးယားတွင် တည်ထောင်ခဲ့သည့် တင်းမာမှု လျှော့ချရေးဇုန်များ သတ် မှတ်ခြင်းသည် ထိရောက်မှုရှိသည့်အပြင် အကြမ်းဖက်မှုကို လျှော့ချခြင်း၊ ပြည်သူများခံစား နေရသည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဒုက္ခများကို လျော့ပါးစေခြင်း၊ ဒုက္ခသည်များ ထွက်ခွာသွားမှုကို လျှော့ချထိန်းချုပ်နိုင်စေခြင်းနှင့် နေရပ်ကိုစွန့်ခွာသွားသည့် ဒုက္ခသည်များ ပြန်လည်ဝင်ရောက်လာ စေခြင်း စသည့်ကိစ္စရပ်များအတွက် များစွာအထောက်အကူ ဖြစ်စေကြောင်း ပူတင်က ဆက်ပြောသည်။ အလားတူ အီရန်နိုင်ငံ အနေဖြင့် ဆီးရီးယား ပြည်တွင်းစစ်ကို နိုင်ငံရေးအရ ဖြေရှင်းနိုင်ရန် အကူအညီပေးမည် ဖြစ်ကြောင်း အီရန်သမ္မတ ရူဟာနီက ပြောသည်။ ထို့ပြင် ဆီးရီးယားတွင် အခြေအနေများ ပုံမှန်ပြန်ဖြစ်စေ ရေးနှင့် ယင်းနိုင်ငံ၏ စီးပွားရေးကို ပြန်လည်နာလန်ထူစေရေးအတွက် ပါဝင်ကူညီကြရန် ၎င်းကကမ္ဘာ့နိုင်ငံ များကို တောင်းဆိုလိုက်သည်။ တစ်ချိန်တည်းမှာပင် ရုရှား၊ အီရန်နှင့် တူရကီတို့အကြား ဆီးရီးယားအေ ရးနှင့် စပ်လျဉ်း၍ အရေးကြီးသည့် ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခဲ့ပြီး ပြည်တွင်းစစ်တွင် ပါဝင်နေသည့် သက်ဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့်လည်း လက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရေး ကြိုးပမ်းကြ ရန်တူရကီသမ္မတ ရီဆပ်တေယစ်အာဒိုဂန်က ပြောကြော င်း သိရသည်။

Read 230 times Last modified on Friday, 24 November 2017 09:36