SJ WorldNews - шаблон joomla Авто

လေထုသန့်စင်ရေး မြောက်ပိုင်းရှိ အချို့မြို့များ ပိုမိုကြိုးပမ်း ဆောင်ရွက်ရမည်ဟု တရုတ် အစိုးရ သတိပေး

Friday, 24 November 2017 11:53 font size decrease font size decrease font size increase font size increase font size

ပေကျင်း နိုဝင်ဘာ ၂၃

တရုတ်နိုင်ငံ မြောက်ပိုင်းရှိ အချို့မြို့များတွင် လေထုညစ်ညမ်းမှု လျှော့ချရေး ကြိုးပမ်း ဆောင်ရွက်မှုများ မရှိသဖြင့် လေထုအတွင်း မြူခိုးများ ရှင်းလင်းစေရေးအတွက် လေထုညစ်ညမ်းမှု လျှော့ချရေး စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း အစိုးရက သတိပေး ထားသည်ဟု သိရသည်။

နိုင်ငံမြောက်ပိုင်းရှိ အချို့မြို့များသည် လေထုသန့်စင်ရေး ကြိုးပမ်းရာတွင် တိုးတက်မှု မရှိကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ဝန်ကြီးဌာန (MEP) မှ ပြောရေးဆိုခွင့်ရှိသူ လျူယိုဘင်က နိုဝင်ဘာ ၂၃ ရက်တွင် ပြောသည်။ လျူယိုဘင်သည် လေထုသန့်စင်ရေး ကြိုးပမ်းမှုမရှိသည့် မြို့တော်များကို ထုတ် ဖော်ပြောဆိုခြင်း မရှိသော်လည်း ဆောင်းရာသီ ကာလအတွင်း လေထုညစ်ညမ်းမှု လျှော့ချရေးနှင့် ပတ်သက်၍ ဆောင်ရွက်မှုများအပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်နေစဉ် လျူယိုဘင်၏ မှတ်ချက်စကား ထွက်ပေါ် လာခြင်းဖြစ်သည်။ ယခုလ အစောပိုင်းတွင် ကောက်ယူသော အချက်အလက်များအရ တရုတ်နိုင်ငံမြောက်ပိုင်းရှိ ၂၈ မြို့အနက် လေးမြို့မှာ အောက်တိုဘာလတွင် လေထုသန့်စင်ရေး ရည်မှန်းချက်ကို အောင်မြင် အောင်ဆောင်ရွက်နိုင်ကြောင်း၊ ကျန်မြို့များ၏ လေထုညစ်ညမ်းမှု အခြေအနေမှာ ပိုမိုဆိုးရွား လာကြောင်း လျူက ဆက်လက်ပြောသည်။ တရုတ်အစိုးရသည် လေထုသန့်စင်ရေးအတွက် ဖိအားပေးခံနေရပြီး နိုင်ငံ မြောက်ပိုင်းရှိ လေထုအတွင်း လွှမ်းခြုံထားသော အဆိပ်သင့်စေသည့် မြူခိုးများ ရှင်းလင်းနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေရကြောင်း သိရသည်။

Read 297 times Last modified on Friday, 24 November 2017 11:55