SJ WorldNews - шаблон joomla Авто

ဒေါ်လာလေးသန်းခွဲတန်ဖိုးရှိသည့် စားအုန်းဆီများတင်ဆောင်လာသည့်သင်္ဘော အင်ဒိုနီးရှားအနီးရှိ ရေပိုင်နက်တွင် ဓားပြတိုက်ခံရ

Saturday, 25 November 2017 09:21 font size decrease font size decrease font size increase font size increase font size

ကွာလာလမ်ပူ နိုဝင်ဘာ ၂၄

အမေရိကန်ဒေါ်လာ လေးသန်းခွဲတန်ဖိုးရှိသည့် စားအုန်းဆီတန်ချိန် ၃၇ဝဝ ကိုတင် ဆောင်လာသော မလေးရှားသင်္ဘောတစ်စင်းသည် အင်ဒိုနီးရှားနိုင်ငံအနီးရှိ ရေပိုင်နက်တွင် ဓားပြတိုက်ခံရကြောင်း မလေးရှားရေကြောင်း ရဲတပ်ဖွဲ့(MMEA) က နိုဝင်ဘာ ၂၄ ရက်တွင်ပြောသည်။ အဆိုပါ သင်္ဘောကိုပိုင်ဆိုင်သော မလေးရှားကုမ္ပဏီတစ်ခုက အဲဗားအိုမီဂါအမည်ရှိ ၄င်းတို့၏ စားအုန်းဆီတင်သင်္ဘောသည် နိုဝင်ဘာ ၂၂ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ အနီးရှိ ရေပိုင်နက်၌ ဓားပြတိုက်ခံရသည်ဟု သတင်းပေးပို့လာခြင်းဖြစ်ကြောင်း MMEA ကပြောသည်။

အဆိုပါစားအုန်းဆီတင်သင်္ဘောသည် အဲဗားပရော့ဆပါအမည်ရှိ တွန်းသင်္ဘောတစ်စင်းနှင့်အတူ မလေးရှားနိုင်ငံအရှေ့ပိုင်း ဆာရာဝက်ပြည်နယ် ဘင်တူလူမြို့မှ မလေးကျွန်းဆွယ်အလွန်ရှိ ပီနန်းပြည်နယ်သို့ခုတ် မောင်းသွားစဉ် နံနက်အစောပိုင်း အချိန်တွင်တောခုတ်ဓားများ ကိုင်ဆောင်ထားသော ပင်လယ်ဓားပြများက ဓားပြတိုက်သွားခြင်းဖြစ်ကြောင်း MMEA က ထုတ်ပြန်ချက်တစ်စောင်တွင် ပြောထားသည်။ ထို့နောက်ပင်လယ်ဓားပြများသည် တွန်းသင်္ဘောမှ အမှုထမ်းလေးဦးနှင့် စားအုန်းဆီတင်သင်္ဘောမှ အမှုထမ်းခြောက်ဦးတို့ကို ကြိုးဖြင့်တုပ်၍ တွန်းသင်္ဘောနှင့်အတူထားခဲ့ကာ စားအုန်းဆီတင်သင်္ဘောကို ယူဆောင်သွားသည်။ တွန်းသင်္ဘောပေါ်တွင်ရှိသော အမှုထမ်းတစ်ဦးက ကြိုးတုပ်ခံထားရသူများကို ကူညီ၍ကြိုးဖြေပေးခဲ့ပြီး မလေးရှားနိုင်ငံတောင်ပိုင်း ဂျိုဟိုးပြည်နယ်သို့ အဆိုပါတွန်းသင်္ဘောကို မောင်းနှင်လာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ MMEA က အင်ဒိုနီးရှားအာဏာပိုင်များကို အကြောင်းကြားခဲ့ရာ နိုဝင်ဘာ ၂၃ ရက်တွင် အဲဗားအိုမီဂါသင်္ဘောကို ပြန်တွေ့ပြီဖြစ်ကြောင်း ပြန်လည်သတင်းပေးပို့မှုကိုရရှိခဲ့သည်။ သို့သော် သင်္ဘောတွင် ပါဝင်သော စားအုန်းဆီများကိုမူ ဓားပြများက ယူဆောင်သွားကြောင်းသိရသည်။

Read 229 times Last modified on Saturday, 25 November 2017 09:24