SJ WorldNews - шаблон joomla Авто

အီဂျစ်နိုင်ငံ မြောက်ဆိုင်းနိုင်းဒေသရှိ ဗလီတစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွား၊ ၁၅၅ ဦးသေဆုံး

Saturday, 25 November 2017 11:42 font size decrease font size decrease font size increase font size increase font size

ကိုင်ရို နိုဝင်ဘာ ၂၄

အီဂျစ်နိုင်ငံ မြောက်ဆိုင်းနိုင်းကျွန်းဆွယ်ဒေသ အယ်အရစ်မြို့အနောက်ဘက်ရှိ အယ် ရောဒါဗလီ၌ နိုဝင်ဘာ ၂၄ ရက်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားရာ အနည်းဆုံး ၁၅၅ ဦး သေဆုံးပြီး ၁၂ဝ ကျော် ဒဏ်ရာရရှိကြောင်း နိုင်ငံပိုင် သတင်းဌာနတစ်ခု၏ ထုတ်ပြန်ချက်အရ သိရသည်။ သောကြာနေ့တိုင်းပြုလုပ်သော ဗလီဝတ်တက်စဉ်အတွင်း အကြမ်းဖက်အဖွဲ့က အဆိုပါဖောက်ခွဲမှုကိုလုပ်ဆောင်ခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့ သတင်းအရင်းအမြစ် တစ်ခုကပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့် အဆိုပါနေရာမှ ဒဏ်ရာရရှိသူများကို လူနာတင်ယာဉ်များဖြင့် သယ်ဆောင်သွားကြောင်းနှင့် ဒဏ်ရာရရှိသူ ၁၅ဝ ခန့်ရှိကြောင်း မျက်မြင်သက်သေများကပြောသည်။ နိုင်ငံပိုင်သတင်းဌာနတစ်ခု၏ ထုတ်ပြန် ချက်အရ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။ အကြမ်းဖက်သမားများသည် မျက်နှာများကိုဖုံးကာ ဗလီကိုဝန်းရံထားကြောင်း၊ ထို့နောက် ဗလီအတွင်းသို့ ဝင်ရောက်လာကြောင်းနှင့် အကြမ်းဖက်သမားအများစုမှာ အသေခံဗုံးခွဲခါးပတ်များဝတ်ထားကြောင်း လွှတ်တော်အမတ်တစ်ဦးက ပြောသည်။ အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းကမျှ ၄င်းတို့လက်ချက်ဖြစ်သည်ဟု ဝန်ခံပြောဆို ထားခြင်းမရှိပေ။ ၂ဝ၁၄ ခုနှစ်တွင် IS စစ်သွေးကြွများကို သစ္စာခံသည့် မြောက်ဆိုင်းနိုင်းဒေသရှိ စစ်သွေးကြွများက နိုင်ငံအတွင်းဖြစ်ပွားသော တိုက်ခိုက်မှုများကို လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။

Read 288 times Last modified on Saturday, 25 November 2017 11:44