SJ WorldNews - шаблон joomla Авто

တောင်ကိုရီးယားသို့ အမေရိကန်ကကိုယ်ပျောက် တိုက်လေယာဉ်ခြောက်စင်း စေလွှတ်မည်

Saturday, 25 November 2017 11:44 font size decrease font size decrease font size increase font size increase font size

ဆိုး နိုဝင်ဘာ ၂၄

အမေရိကန်သည် နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်ရန်အတွက် တောင်ကိုရီးယားနိုင်ငံသို့ လာမည့်လတွင် ကိုယ်ပျောက်တိုက်လေ ယာဉ်ခြောက်စင်းကို စေလွှတ်မည်ဖြစ်ကြောင်း တောင်ကိုရီးယားလေတပ်၏ သတင်းထုတ်ပြန်ချက်ကို ကိုးကား၍  YTN ရုပ်သံသတင်း ဌာနက နိုဝင်ဘာ ၂၄ ရက်တွင် ထုတ်ဖော်ပြောဆိုသည်။

အမေရိကန်လေတပ်မှ F-22 Raptor ကိုယ်ပျောက်တိုက်လေယာဉ်ခြောက်စင်းသည် Vigilant Ace ဟု အမည်ပေးထားသော တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေး လေ့ကျင့်မှုတွင်ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း နှင့်အဆိုပါစစ်ရေးလေ့ကျင့်မှုကို ဒီဇင်ဘာ ၄ ရက်မှ ၈ ရက်အထိ ပြုလုပ်မည်ဖြစ်ကြောင်း တောင်ကိုရီးယားလေတပ်၏ ထုတ်ပြန် ချက်အရသိရသည်။ အမေရိကန်ကိုယ်ပျောက်တိုက်လေယာဉ်များသည် ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းရှိ ကာဒီနာလေတပ်အခြေစိုက်စခန်းမှ မောင်းနှင်လာမည်ဖြစ်ပြီး စစ်ရေးလေ့ကျင့်မှုကာလ တစ်လျှောက်တွင် တောင်ကိုရီးယားနိုင်ငံရှိ လေတပ်အခြေစိုက်စခန်းတစ်ခု၌ ရှိမည်ဖြစ်ကြောင်း သိရသည်။ ကိုရီးယားကျွန်းဆွယ်သို့ အမေရိ ကန် ကိုယ်ပျောက်တိုက်လေယာဉ်များ ပျံသန်းဝင်ရောက်လာမှုမှာ ပထမဆုံးအကြိမ်ဖြစ်လာမည်ဖြစ်သည်။ ယခုပြုလုပ်မည့် စစ်ရေးလေ့ကျင့်ခန်းတွင် F-22 Raptor တိုက်လေယာဉ်များအပြင် F-35A Lightening ကိုယ်ပျောက် တိုက်လေယာဉ်လေးစင်းလည်း ပါဝင်နိုင်ဖွယ်ရှိကြောင်း Yonhapသတင်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Read 318 times Last modified on Saturday, 25 November 2017 11:46