SJ WorldNews - шаблон joomla Авто

အီရန်ခေါင်းဆောင်ကို ဟစ်တလာလက်သစ်ဟု ဆော်ဒီအိမ်ရှေ့မင်းသားခေါ်ဆို

Saturday, 25 November 2017 11:53 font size decrease font size decrease font size increase font size increase font size

ရီယတ် နိုဝင်ဘာ ၂၄

အီရန်နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့ အကြားသဘောထားတင်းမာမှုများ မြင့်တက်နေစဉ် ဆော်ဒီအိမ်ရှေ့မင်းသားမိုဟာမက်ဘင်ဆယ် မန်ကအီရန်ခေါင်းဆောင်ကို အရှေ့အလယ် ပိုင်းတိုင်းဒေသ၏ ဟစ်တလာလက်သစ်ဟု ခေါ်ဆို လိုက်ကြောင်း သိရသည်။ ဥရောပတိုက်အတွင်း မည်ကဲ့သို့ဖြစ်ပျက်နေသည်ကို အရှေ့အလယ်ပိုင်းဒေသတွင် အကြိမ်ကြိမ်ပြောဆိုခြင်းမျိုးအား ရှောင်ရှားရန်အရေးကြီးကြောင်း မိုဟာမက်ဘင်ဆယ်မန်က အီရန်ခေါင်းဆောင်အား သွယ်ဝိုက်၍ ပြောဆိုသည်။ ဆော်ဒီအာရေဗျနှင့် အီရန်တို့သည် ပြိုင်ဘက်နိုင်ငံများဖြစ်ပြီး ဒေသတွင်းတည်ငြိမ် အေးချမ်းမှုပျက်ပြားအောင် ပြုလုပ်သည်ဟု တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန်စွပ်စွဲလျက်ရှိသည်။

သို့သော် ဆော်ဒီအိမ်ရှေ့မင်းသား၏ နောက်ဆုံးမှတ်ချက်ပြုစကားနှင့်ပတ်သက်၍ အီရန်ဘက်မှတစ်စုံတစ်ရာတုံ့ပြန်ပြောဆို ခြင်းမျိုးမရှိပေ။ အရှေ့အလယ်ပိုင်းဒေသအတွင်း အီရန်၏ သြဇာလွှမ်းမိုးရန်ကြိုးပမ်းမှု ကိုခွင့်မပြုနိုင် ကြောင်း ဆော်ဒီအိမ်ရှေ့မင်းသားက New York Times သတင်းဌာနသို့ပြောသည်။ ဥရောပ၏ ရွှေပြည်အေးဝါဒကို လက်ခံသင်ယူနေခြင်းသည် အလုပ်မဖြစ်ကြောင်းနှင့် ဟစ်တလာလက်သစ်ကိုလည်း အလိုမရှိကြောင်း အီရန်ခေါင်းဆောင် အယာတိုလာ အလီခါမေနီကိုရည်ညွှန်း၍ မိုဟာမက်ဘင်ဆယ်မန်ကပြောသည်။ အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်မန်သည် လွန်ခဲ့သည့်နှစ်နှစ်ကတည်းက အီရန်နှင့်ပတ်သက်၍ အယူဝါဒတစ်ခုတည်း ကိုသာတရားသေစွဲကိုင်ထားသူဖြစ်သည်။ ယခုလ အစောပိုင်းတွင် ဆော်ဒီအာရေဗျနိုင်ငံရီယတ်မြို့ကို ယီမင်နိုင်ငံမှ သူပုန်များက ဒုံးကျည်ဖြင့် တိုက်ခိုက်ရန်ကြိုးပမ်းမှုသည် အီရန်၏လက်ချက်ဖြစ်ကြောင်း ၄င်းကအပြစ်တင် ဝေဖန် ထားပြီး စစ်ကြေညာသည့် သဘောသက်ရောက်သောစကားများကိုသာ ပြောဆိုခဲ့ကြောင်း သိရသည်။

Read 314 times Last modified on Saturday, 25 November 2017 12:04