SJ WorldNews - шаблон joomla Авто

ဗန်ရေကန်ကြီး၏အောက်ခြေမှတွေ့ရသည့် နှစ်ပေါင်း ၃ဝဝဝ သက်တမ်းရှိ ရဲတိုက်

Sunday, 26 November 2017 08:37 font size decrease font size decrease font size increase font size increase font size

ရေငုပ်သမားများနှင့် သုတေသနပညာရှင်များက  တူရကီနိုင်ငံရှိ   ဗန်ရေကန်ကြီး၏ အောက်ခြေမှ နှစ်ပေါင်း ၃ဝဝဝ သက်တမ်းရှိ ပျောက်ဆုံးနေသောရဲတိုက်ကြီးကို ရှာဖွေ တွေ့ရှိကြသည်။

အံ့မခန်းဖွယ်ရာကောင်းလှသော   ထိုရဲတိုက်ကြီးက ဘီစီ ၉ ရာစုနှင့် ၆ ရာစု အကြားဖြစ် သည့်   သံခေတ်တွင်ခမ်းနားကြီးကျယ်စွာနေထိုင်ခဲ့ကြသော အူရာတူမြို့ပြ ဘုရင့် နိုင်ငံတော်၏ ခံတပ်ကြီးတစ်ခုဖြစ်နိုင် သည်။

ဗန်ယူဇွန်ဂျူယီတက္ကသိုလ်မှ ရှေးဟောင်း သုတေသနပညာရှင်များက ရေငုပ်သမား အဖွဲ့တစ်ဖွဲ့နှင့်အတူပူးပေါင်း၍   အဆိုပါရဲတိုက်ကြီးကို ရှာဖွေကြခြင်းဖြစ်သည်။

ရေကန်ကြီးအကြောင်းကိုသိရှိထားသည့် ရှေးဟောင်းသုတေသနပညာရှင်များနှင့် ရေ ငုပ်သမားများက ဖြစ်နိုင်ခြေမရှိသောအရာများကို ရေကန်ကြီးအတွင်းမှရှာဖွေရန် ရေငုပ် အဖွဲ့ကိုအကြံဉာဏ်ပေးခဲ့ကြောင်း ရေအောက် ဗီဒီယိုရိုက်ကူးရေးသမားနှင့်  ရေငုပ်အဖွဲ့

ခေါင်းဆောင် တာဆင်ဂျေလန်းက တူရကီနိုင်ငံပိုင်သတင်းဌာနဖြစ်သော Andalou သတင်း ဌာနနှင့်ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင်ပြောသည်။

သို့သော် နောက်ဆုံးတွင်၎င်းတို့သည် ထူးခြားအံ့သြဖွယ်ကောင်းသော အပျက်အစီး အပိုင်းအစများကိုတွေ့ရှိသွားပြီး ယင်းအပိုင်း အစများက အကြမ်းဖျင်းအားဖြင့် ၁ ကီလို မီတာအရှည်ရှိသော နေရာတစ်ခုခုမှဖြစ်သည် ကိုသိရှိသွားသည်။

ရေအောက်တွင် ရာစုနှစ်ပေါင်းများစွာ ကြာတည်ရှိနေသော်လည်း ခံတပ်ကြီး၏ မြင်နိုင်သောနေရာများရှိ နံရံများ၏အမြင့်မှာ ၁ဝ ပေမှ ၁၃ ပေအထိရှိသည်။ နှစ်ပေါင်းခြောက်သိန်းသက်တမ်းရှိပြီဖြစ်သည့် ဗန်ရေကန်ကြီး၏ပတ်ဝန်းကျင်တွင် လူသားမျိုးနွယ်စုအများအပြား  အခြေချနေထိုင်ခဲ့ဖွယ်ရှိသည့်အတွက် ရေကန်ကြီး အတွင်း၌ လျှို့ဝှက်ဆန်းကြယ်သောအရာ  များရှိနေမည်ဟု ယုံကြည် ရသည်။

ဗန်ဘုရင့်နိုင်ငံတော်ဟု သိရှိထားသည့် အူရာတူဆိုသည်မှာ  ရှေးခေတ်မြို့ပြနိုင်ငံ တစ်ခုဖြစ်ပြီး  တူရကီ၊  အာမေးနီးယားနှင့်အီရန်တို့    ဖြစ်ပေါ်လာသည့်အချိန်အထိ  တည်ရှိခဲ့သည့်နိုင်ငံတစ်ခုလည်းဖြစ်သည်။ ထို့ကြောင့် ဗန်ရေကန်ကြီးသည်လည်း ထိုသို့

ရှေးခေတ်တည်ရှိမှုများကို    လေ့လာရန်အတွက် အရေးကြီးဆုံးနေရာတစ်ခုလည်း ဖြစ်နေသည်။

ယခုတွေ့ရှိမှုသည် အဆိုပါအဖွဲ့၏ပထမ ဆုံးအကြိမ်မဟုတ်ပေ။    ပြီးခဲ့သည့်နှစ်က အကျယ်အဝန်း  ၁ ဒသမ ၅ စတုရန်းမိုင်အတွင်း တည်ရှိနေသည့် ကျောက်စက်မိုးမျှော် များကိုလည်း ၄င်းတို့ကတွေ့ရှိထားသည်။ ထိုကျောက်စက်မိုးမျှော်များကို ဒဏ္ဍာရီလာ ရေအောက်မီးခိုးခေါင်းတိုင်များဟု အမည် ပေးထားသည်။        

Ref: Independent

Read 332 times Last modified on Sunday, 26 November 2017 08:49