SJ WorldNews - шаблон joomla Авто

လင်းပိုင်အထီးက လင်းပိုင်အမအား လက်ဆောင်ပေးပြီး ဆွဲဆောင်စည်းရုံး

Sunday, 26 November 2017 08:49 font size decrease font size decrease font size increase font size increase font size

အနောက်သြစတြေးလျတက္ကသိုလ် ဇီဝသိပ္ပံကျောင်း၊ ဇူးရစ်တက္ကသိုလ်နှင့် မားဒေါ့တက္ကသိုလ်တို့မှ   သိပ္ပံပညာရှင်များသည် သြစတြေးလျနိုင်ငံမြောက်ပိုင်းမှ အနောက် ပိုင်းတစ်ဝန်း ကမ်းရိုးတန်းတွင်ကျက်စားနေသော လင်းပိုင်များကို ဆယ်စုနှစ်တစ်ခုကြာ

အောင် လေ့လာမှုများပြုလုပ်ခဲ့သည်။

ထိုသို့လေ့လာမှုတွင်   ကျောကုန်းတွင်ဘုပါသော သြစတြေးလျလင်းပိုင်အထီးများက လင်းပိုင်အမများအား ပင်လယ်ရေမြုပ်ကြီး များကိုလက်ဆောင်ပေး၍ ဆွဲဆောင်စည်းရုံး သည်ကို ပညာရှင်များကမှတ်တမ်းတင်နိုင်ခဲ့ သည်။

ထို့ပြင် လင်းပိုင်အထီးများသည် လင်းပိုင် အမများကို အသံနှင့်ရုပ်ပိုင်းဆိုင်ရာဖျော်ဖြေမှု တို့ဖြင့်လည်း စည်းရုံးကြောင်းတွေ့ရသည်။ ထိုအပြုအမူများအား လေ့လာတွေ့ရှိမှုသည် အဆိုပါလင်းပိုင်မျိုးစိတ်များတွင် ပထမဆုံး အကြိမ်ဖြစ်သည်။

ပညာရှင်များသည်   လင်းပိုင်အထီးတစ်ကောင်၊ အမတစ်ကောင်နှင့် သားပေါက် ငယ်တစ်ကောင်တို့ကို ကနဦးလေ့လာသည်။ လင်းပိုင်အထီးသည် ပင်လယ် ကြမ်းပြင်တွင်ပေါက်နေသည့် ကြီးမားသည့်ရေမြုပ်ကို ယူဆောင်ရန်အတွက် ရေငုပ်သွားသည်။ ထို့နောက် ယင်းရေမြုပ်ကို ၄င်း၏နှုတ်သီးဖြင့် ဟန်ချက်ညီထိန်းကာ အမဆီသို့တွန်းပို့လိုက်သည်။

လူမဟုတ်သော နို့တိုက်သတ္တဝါများက ဆန့်ကျင်ဘက်လိင်ကိုဆွဲဆောင်ရန်အတွက် ယခုကဲ့သို့ပြုမူခြင်းသည် အလွန်ရှားပါးပြီး လင်းပိုင်အထီးက လင်းပိုင်အမအနေဖြင့် ၄င်းကိုအားကိုးနိုင်ကြောင်းပြသလိုခြင်းလည်းဖြစ်ကြောင်း  သုတေသန ပညာရှင်များက ယုံကြည်ထားသည်။

ထို့ပြင် ယခုရှာဖွေတွေ့ရှိမှုကို ကျောကုန်း တွင်ဘုပါသောလင်းပိုင်များ၏ ရှုပ်ထွေးသော ဆက်သွယ်မှုများအနက်မှ အဆင့်တစ်ခုအနေ ဖြင့်သတ်မှတ်ရမည်ဟု  သုတေသနအဖွဲ့ခေါင်းဆောင် ဒေါက်တာဆိုင်မွန်အယ်လန်ကပြောသည်။             

Ref: Phys.Org

Read 286 times Last modified on Sunday, 26 November 2017 11:42