SJ WorldNews - шаблон joomla Авто

ပဲရစ်မြို့၌ ဆပ်ကပ်တစ်ခုမှ လွတ်မြောက်လာသည့် ကျားတစ်ကောင်ကို ပိုင်ရှင်က ပစ်သတ်

Sunday, 26 November 2017 09:00 font size decrease font size decrease font size increase font size increase font size

ပဲရစ်     နိုဝင်ဘာ     ၂၅

ပြင်သစ်နိုင်ငံပဲရစ်မြို့၌ ဆပ်ကပ်တစ်ခုမှလွတ်မြောက်လာပြီး မြို့အတွင်းလှည့်လည် သွားလာနေသည့် ကျားတစ်ကောင်ကို ပိုင်ရှင်ကပစ်သတ်လိုက်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

အလေးချိန် ပေါင် ၄၄ဝ ရှိသည့် အဆိုပါကျားသည် နိုဝင်ဘာ၂၄ ရက်တွင် ဘော်မန်း-မော်ရီနိုဆပ်ကပ်အဖွဲ့မှ လွတ်မြောက်သွားခြင်းဖြစ်ပြီး မြို့တော်၏အနောက်တောင်ပိုင်းတွင် လှည့်လည်သွားလာနေသည်ကို ပိုင်ရှင်ဖြစ်သူကတွေ့ရှိပြီးနောက်  ပစ်သတ် လိုက်ခြင်းဖြစ်သည်။ နောက်ပိုင်းတွင်ရဲတပ်ဖွဲ့က ဆပ်ကပ်ပိုင်ရှင်ကို   ထိန်းသိမ်း ထားကြောင်း  သိရသည်။

အဆိုပါဆပ်ကပ်အဖွဲ့သည် မကြာသေးမီက ဒေသအတွင်းသို့ ပြောင်းရွှေ့လာသည့်အဖွဲ့ ဖြစ်ပြီးလာမည့် ဒီဇင်ဘာ ၃ ရက်တွင် ပဲရစ်မြို့ရှိပရိသတ်များအား ဖျော်ဖြေတင်ဆက်ရန် စီစဉ်ထားကြောင်း သိရသည်။

မြို့အတွင်းသို့  ကျားတစ်ကောင်လွတ်မြောက်သွားသည်ဟူသော သတင်းများသည် လူမှုကွန်ရက်တွင်ပျံ့နှံ့သွားခြင်းကြောင့်မြို့တော်သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က ကျားလွတ်မြောက်သွားသည့်နေရာအနီးရှိ ဓာတ်ရထားပြေးဆွဲမှုကို ယာယီ ရပ်ဆိုင်းလိုက်ရကြောင်း သိရသည်။                                                        

Ref: AFP

Read 320 times Last modified on Sunday, 26 November 2017 09:05