SJ WorldNews - шаблон joomla Авто

ဘရာဇီးအကျဉ်းထောင်၌ အကျဉ်းသား ၅၆ ဦး သေဆုံးမှုဖြင့် အကျဉ်းသား ၂၁၃ ဦးကို တရားစွဲ

Sunday, 26 November 2017 10:17 font size decrease font size decrease font size increase font size increase font size

ရီယိုဒီဂျနေးရိုး  နိုဝင်ဘာ  ၂၅

ဘရာဇီးနိုင်ငံ မာနာအပ်မြို့ရှိ အကျဉ်း ထောင်တစ်ခု၌ ဇန်နဝါရီ ၁ ရက်တွင်ဖြစ်ပွား သော အကျဉ်းသား ၅၆ ဦးသေဆုံးသည့် လူသတ်မှုတွင် ပါဝင်ပတ်သက်နေသော အကျဉ်းသား ၂၁၃ ဦးကို ဘရာဇီးအစိုးရ ရှေ့နေများက နိုဝင်ဘာ ၂၄ ရက်တွင် တရား စွဲဆိုလိုက်ကြောင်း သိရသည်။

အစိုးရရှေ့နေများသည် အကျဉ်းသား ၂၁၃ ဦးကို လူခြောက်ဦးအားသတ်မှု၊ လူသေ အလောင်း ၂၆ လောင်းကျော်ကို ဖျက်ဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြားသောအမှုများ ဖြင့် တရားစွဲဆိုခြင်းဖြစ်ကြောင်း သိရသည်။

အစိုးရရှေ့နေများသည် တရားရုံးသို့ လူသတ်မှုဆိုင်ရာမှတ်တမ်းစာမျက်နှာ ၁၁ဝ ကိုပေးပို့ပြီး အရေးယူထားခြင်းမရှိသော ကြောက်စရာကောင်းပြီး တစ်ဖက်စွန်းရောက် ရက်စက်စွာသတ်ဖြတ်မှုဖြစ်ရပ်ကို ဖော်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ အစုလိုက်အပြုံလိုက်သေဆုံးမှု သည် အကျဉ်းထောင်၌ နာရီပေါင်း ၁၇ ကျော်ကြာ ဆူပူအုံကြွမှုဖြစ်ပွားပြီး ၂ဝ၁၇ ခုနှစ် ပထမဆုံးနေ့တွင် ဖြစ်ပွားခြင်းဖြစ်သည်။ ယင်းဆူပူအုံကြွမှုအတွင်း အကျဉ်းသားများစွာမှာ အပိုင်းပိုင်းသတ်ဖြတ်ပြီး မီးရှို့ခံရကြောင်း သိရသည်။

Ref: Xinhua

Read 312 times Last modified on Sunday, 26 November 2017 10:19