SJ WorldNews - шаблон joomla Авто

အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ် လမ်းမတစ်ခု၌ ယာဉ်မတော်တဆမှုဖြစ်ပွား၊ ငါးဦး သေဆုံးပြီး ငါးဦးဒဏ်ရာရရှိ

Sunday, 26 November 2017 10:19 font size decrease font size decrease font size increase font size increase font size

နယူးဒေလီ  နိုဝင်ဘာ  ၂၅

အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်၌ နိုဝင်ဘာ၂၅ ရက်တွင် လမ်းမတစ်ခု၌ ယာဉ်မတော်တဆမှုဖြစ်ပွားရာငါးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိကြောင်း  ရဲတပ်ဖွဲ့က ပြောသည်။

ခရီးသည် ၁ဝ  ဦး လိုက်ပါလာသည့်ဂျစ်ကားသည် ယင်းပြည်နယ်ရှိ မိုဂါခရိုင်ဘက်ဟာပူရာနာအရပ်၌ သစ်ပင်တစ်ပင်ကိုဝင်တိုက်မိရာမှ ယခုကဲ့သို့ မတော်တဆမှုဖြစ်ပွားခြင်းဖြစ်ကြောင်း ရဲအရာရှိတစ်ဦးကပြောသည်။

အဆိုပါ ယာဉ်မတော်တဆမှုဖြစ်ပွားရာနေရာ၌ပင် ခရီးသည်ငါးဦးမှာ  ပွဲချင်းပြီး သေဆုံးသွားပြီး အခြားဒဏ်ရာရရှိသူငါးဦးကိုတာဝန်ရှိသူများက  အနီးရှိဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်းနှင့်  ၄င်းတို့၏အခြေအနေမှာ   စိုးရိမ်ဖွယ်မရှိကြောင်း ရဲအရာရှိကဆက်ပြောသည်။

ဂျစ်ကားသည် ဘက်သင်ဒါခရိုင် ဘက်ဂတာဘီဟိုင်အရပ်အနီးရှိ ဆီးရီဝယ်ကျေးရွာမှ ဖာရစ်ကော့ခရိုင်ရှိ မက်ကီမြို့သို့ အလုပ်သမားများကို ပို့ဆောင်ပေးခြင်းဖြစ်သည်။

Ref: Xinhua

Read 306 times Last modified on Sunday, 26 November 2017 10:22