SJ WorldNews - шаблон joomla Авто

ဂျော်ဂျီယာရှိဟိုတယ်တစ်လုံး၌ မီးလောင်မှုဖြစ်ပွား၊ ၁၂ ဦးသေဆုံး

Sunday, 26 November 2017 10:22 font size decrease font size decrease font size increase font size increase font size

တီဘလီဆီ နိုဝင်ဘာ ၂၅

ဂျော်ဂျီယာနိုင်ငံ အနောက်တောင်ပိုင်းရှိ ဟိုတယ်တစ်လုံး၌ မီးလောင်မှုဖြစ်ပွားရာ လူ ၁၂ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက နိုဝင် ဘာ ၂၅ ရက် အစောပိုင်းတွင် ထုတ်ပြန်သည်။

မီးလောင်မှုသည် နိုင်ငံ၏ ဒုတိယအကြီး ဆုံးမြို့ဖြစ်သည့် ဘာတူမီမြို့ရှိ လီယိုဂရန်း ဟိုတယ်နှင့် ကာစီနိုကစားရုံ၌ နိုဝင်ဘာ ၂၄ ရက် နှောင်းပိုင်းတွင် ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။ မီးလောင်မှုဖြစ်ပွားချိန်တွင် ဟိုတယ်အတွင်း၌ ဟိုတယ်ဝန်ထမ်းများအပါအဝင် ဧည့်သည်အမြောက်အမြားရှိနေပြီး ¤င်းတို့ကို တာဝန်ရှိသူများက ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးလိုက်ရသည်။

ယင်းနောက်တွင် မီးသတ်ကား ၁၃ စီးနှင့် မီးသတ်တပ်ဖွဲ့ဝင် ၁ဝဝ ကျော်က မီးငြှိမ်းသတ်ခဲ့ရကြောင်း  သိရသည်။  မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းကို  အာဏာပိုင်များက စုံစမ်းစစ်ဆေးလျက်ရှိသည်။

Ref: Xinhua

Read 314 times Last modified on Sunday, 26 November 2017 10:30