SJ WorldNews - шаблон joomla Авто

အင်ဒိုနီးရှားအကြမ်းဖက်အဖွဲ့များက လူမှုကွန်ရက်အသုံးပြု၍ ရန်ပုံငွေများရှာဖွေလျက်ရှိ

Sunday, 26 November 2017 10:30 font size decrease font size decrease font size increase font size increase font size

ကွာလာလမ်ပူ နိုဝင်ဘာ ၂၅

အင်ဒိုနီးရှားအကြမ်းဖက်အဖွဲ့အစည်းများသည် လူမှုကွန်ရက်အသုံးပြု၍ ရန်ပုံငွေများ ရှာဖွေလျက်ရှိကြောင်း အင်ဒိုနီးရှားငွေကြေးစီးဆင်းမှုအစီရင်ခံစာနှင့် သုတေသနဌာန (PPATK) က ပြောသည်။

မျက်မှောက်ခေတ်တွင်  လူမှုကွန်ရက်စာမျက်နှာများ၌   နာမည်အတုများဖြင့် အကောင့်များဖွင့်ရသည်မှာ   လွယ်ကူသောကြောင့် အကြမ်းဖက်အဖွဲ့အစည်းများက ၄င်းတို့၏ရန်ပုံငွေများအတွက် လူမှုကွန်ရက်များကိုအသုံးပြုခြင်းဖြစ်ကြောင်း  PPATK  မှ

အကြီးအကဲ   ကီယာဂက်အာမက်ဘာဒါရူဒင်က တတိယအကြိမ်မြောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးထိပ်သီးဆွေးနွေးပွဲတွင် ပြောသည်။

PPATK သည်   အင်ဒိုနီးရှားနိုင်ငံ၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ဖြစ်သည်။ ယခုအခါ လူမှုကွန်ရက်စာမျက်နှာများတွင် အကောင့်ပိုင်ရှင်များကို သိရှိစုံစမ်းနိုင်ရန် ခက်ခဲသဖြင့် အကြမ်းဖက်အဖွဲ့များက အကောင့်အတုများဖြင့် ရန်ပုံငွေများရရှိအောင်ပြု လုပ်နေခြင်းဖြစ်နိုင်ကြောင်း ကီယာဂက်အာမက်ဘာဒါရူဒင်က ပြောသည်။

၂ဝ၁၆ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံသား၁၁၅၄ ဦးသည် ဆီးရီးယားတွင် အကြမ်းဖက်အဖွဲ့ဝင်များဖြစ်လာခဲ့သည်။ ၄င်းတို့သည် အကြမ်းဖက်အဖွဲ့၏ လှုပ်ရှားမှုများအတွက်ငွေကြေးထောက်ပံ့မှုများရရှိအောင်အဓိကဆောင်ရွက်သူများဖြစ်လာကြောင်း ကီယာဂက်ကဆိုသည်။

၎င်းတို့ကို စောင့်ကြည့်ထောက်လှမ်းမှုများပြုလုပ်နေသော်လည်း ရန်ပုံငွေရှာဖွေမှုများမှာ ပိုမိုတိုးမြင့်လာသည်ဟု ၄င်းကဆိုသည်။ ဟောင်ကောင်တွင် အင်ဒိုနီးရှားလူမျိုးအလုပ်သမား ၄၅ ဦးသည် IS အဖွဲ့အား ထောက်ပံ့နေသူများဖြစ်ပြီး ၄င်းတို့သည် အကြမ်းဖက်အဖွဲ့အစည်းအတွက် ထောက်ပံ့ငွေများရရှိအောင် လူမှုကွန်ရက်များမှ တစ်ဆင့် ဝါဒဖြန့်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ref: CNA

Read 359 times Last modified on Sunday, 26 November 2017 10:35