SJ WorldNews - шаблон joomla Авто

မြောက် အမေရိကတိုက်၏ အကြီးဆုံး အမျိုးသား အဏ္ဏဝါဥယျာဉ်ကို မက္ကဆီကို ဖန်တီး

Monday, 27 November 2017 09:17 font size decrease font size decrease font size increase font size increase font size

မက္ကဆီကိုစီးတီး နိုဝင်ဘာ ၂၆

မက္ကဆီကိုသမ္မတ အန်းရစ်ပီနာနီယက်တို၏ ညွှန်ကြားချက်အရ မြောက်အမေရိကတိုက်၏ ဂါလာပါဂေါ့ဟု ခေါ်တွင်သော ကျွန်းစုသည် မြောက်အမေရိကတိုက်အတွက် အကြီးဆုံး အဏ္ဏဝါဥယျာဉ် ဖြစ်လာမည်ဖြစ်ပြီး ၎င်း၏အရွယ်အစားမှာ အမေရိကန် ပြည်ေ ထာင်စုရှိ အီလီနွိုက်ပြည်နယ်၏ အကျယ်အဝန်း နီးပါးရှိမည်ဖြစ်သည်။

ဘာဂျာကယ်လီဖိုးနီးယား ကျွန်းဆွယ်၏ အနောက်တောင်ဘက် ၂၄၂ မိုင်အကွာရှိ ရီဗေလာဂစ်ဂီဒိုကျွန်းစုသည် ယခုအခါအမျိုးသား ဥယျာဉ်တစ်ခု ဖြစ်လာပြီဖြစ်ပြီး အဏ္ဏဝါကာကွယ်ရေးဇုန် အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၅၇ဝဝဝ ရှိသည့်အတွက် မြောက်အမေရိကတိုက်၏ အကြီးဆုံး အဏ္ဏဝါဥယျာဉ်ဖြစ်လာခြင်း ဖြစ်သည်။ အဆိုပါကျွန်းစုတွင် ငါးလိပ်ကျောက်များ၊ ဝေလငါးကြီးများ၊ ပင်လယ်လိပ်ကြီးများ၊ ဆောင်းခိုငှက် များအပါအဝင် သတ္တဝါများနှင့် အပင်မျိုးစိတ်များ အလျှံပယ် ပေါကြွယ်ဝသည့်အတွက် မြောက်အမေရိကတိုက်၏ ဂါလာပါဂေါ့ဟု ခေါ်ဆိုခြင်းဖြစ်သည်။ ထို့ပြင် ၎င်း၏ဂေဟစနစ်သည် စီးပွားဖြစ် ဖမ်းယူရောင်းချခံနေရသည့် တူနာနှင့် ဆီယာရာတို့အပါအဝင် ငါးမျိုးစိတ်ပေါင်း ၄ဝဝ ခန့် နေထိုင်နိုင်သည့် နေရာဖြစ်သည်။ ထို့ကြောင့်ယခုကဲ့သို့ အဏ္ဏ ဝါဥယျာဉ်ကို ဖန်တီးလိုက်ခြင်းအားဖြင့် အဆိုပါ ငါးမျိုးစိတ်များ၏ မျိုးပွားမှုနှုန်း ပြန် လည်မြင့်တက်လာမည်ဟု မက္ကဆီကိုအာဏာပိုင်များက ယုံကြည်ထားသည်။

ယင်းအမျိုးသား အဏ္ဏဝါဥယျာဉ်အတွင်း ငါးဖမ်းခြင်းကို လုံးဝခွင့်ပြုမည် မဟုတ်သည့်အပြင် သဘာဝ သယံဇာ တများ ထုတ်ယူမှုကိုလည်း တားမြစ်ကာ ရေတပ်က ကင်းလှည့်မှုများ လုပ်ဆောင်သွားမည် ဖြစ်သည်။ ကုလသမဂ္ဂသည် ကမ္ဘာ့သမုဒ္ဒရာကြီးများ၏ ၁ဝ ရာခိုင်နှုန်းကို ဘေးမဲ့ဧရိယာများအဖြစ် သတ်မှတ်နိုင်ရန် ရည်မှန်း ထားပြီးကျွမ်းကျင်ပညာရှင်များကမူ ယင်းပမာဏမှာ နည်းပါးသည့်အတွက် သမုဒ္ဒရာကြီးများ၏ သုံးပုံတစ်ပုံကို ဘေးမဲ့ဧရိယာများအဖြစ် သတ်မှတ်သင့်ကြောင်း တောင်းဆိုထားသည်။ လက် ရှိတွင် ကမ္ဘာ့ သမုဒ္ဒရာကြီးများ၏ ၆ ရာခိုင်နှုန်းကိုသာ ဘေးမဲ့ဧရိယာအဖြစ် သတ်မှတ်ထားနိုင်သေးကြောင်း သိရသည်။

Read 272 times Last modified on Monday, 27 November 2017 09:21