SJ WorldNews - шаблон joomla Авто

တရုတ် အရှေ့ပိုင်းရှိ စက်ရုံတွင် ပေါက်ကွဲမှုဖြစ်ပွား လူနှစ်ဦးသေဆုံး ၃ဝ ဒဏ်ရာရ

Monday, 27 November 2017 09:17 font size decrease font size decrease font size increase font size increase font size

ပေကျင်း နိုဝင်ဘာ ၂၆

တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲကျန်းပြည်နယ်ရှိ စက်ရုံတစ်ရုံ၌ နိုဝင်ဘာ ၂၆ ရက်အစောပိုင်းတွင် ပေါက်ကွဲမှု ဖြစ်ပွားရာ အနည်းဆုံး လူနှစ်ဦးသေဆုံးပြီး အယောက် ၃ဝ ဒဏ်ရာရရှိသွားကြောင်း အာဏာပိုင်များက ထုတ်ပြန်သည်။

ပေါက်ကွဲမှုသည် နင်ပိုဆိပ်ကမ်းမြို့ ကျန်းပေခရိုင်ရှိစက်ရုံ၌ ဒေသစံတော်ချိန် နံနက် ၈ နာရီ မိနစ် ၅ဝ တွင် ဖြစ်ပွားခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အနီးရှိ အဆောက်အအုံအချို့နှင့် မော်တော်ကားများ ပျက်စီးသွားကြောင်း မြို့တော်မီးသတ်ဌာနမှ တာဝန်ရှိ သူများက ဆိုသည်။ ဒဏ်ရာရရှိသူများအနက် နှစ်ဦးမှာစိုးရိမ်ရသည့် အခြေအနေရှိပြီး ၁၆ ဦးကို အာဏာပိုင်များက ဆေးရုံသို့ပို့ဆောင် ပေးထားကြောင်း သိရသည်။ လုပ်ငန်းခွင် ဘေးကင်းရေးအတွက် စစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဟု အစိုးရ က ကတိပြုထားသော်လည်း ဘေးအန္တရာယ် ကင်းရှင်းရေး စည်းမျဉ်းစည်းကမ်းများ လိုက်နာဆောင်ရွက်မှု အားနည်းခြင်းကြောင့် ပေါက် ကွဲမှုနှင့် အခြားမတော်တဆမှုများသည် တရုတ်နိုင်ငံတွင် မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

Read 338 times Last modified on Monday, 27 November 2017 09:22