SJ WorldNews - шаблон joomla Авто

ဥရောပက ခြိမ်းခြောက်လာလျှင် အီရန်ကဒုံးကျည်များ၏ ထိရောက် အကွာအဝေးကို တိုးမြှင့်မည်

Monday, 27 November 2017 09:17 font size decrease font size decrease font size increase font size increase font size

တီဟီရန် နိုဝင်ဘာ ၂၆

အီရန်အပေါ် ဥရောပက ခြိမ်းခြောက်လာလျှင် နိုင်ငံအတွင်းရှိ ဒုံးကျည်များ၏ ထိရောက်အကွာအဝေးကို ကီလိုမီတာ၂ဝဝဝ ကျော်အထိတိုးမြှင့်မည်ဟု တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ ဒုတိယ အကြီးအကဲ ဗိုလ်မှူးချုပ် ဟော့စိန်ဆာလာမီက သတိပေး လိုက်ကြောင်း Fars သတင်းဌာနက နိုဝင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်သည်။

အီရန်နိုင်ငံ၏ ပဲ့ထိန်းဒုံးကျည် အစီအစဉ်နှင့် စပ်လျဉ်း၍ အီရန် တာဝန်ရှိသူများနှင့် အလျှော့မပေးသည့် ဆွေးနွေးမှုတစ်ရပ် လုပ်ဆောင်ကာ ၂ဝ၁၅ ခုနှစ်တွင် ကမ္ဘာ့အင်အားကြီး နိုင်ငံများနှင့် ချမှတ်ခဲ့သည့် နျူကလီး ယားသဘောတူညီချက်မှ သီးခြားကိစ္စရပ် တစ်ခုနှင့် ပတ်သက်၍ စေ့စပ်ဆွေးနွေးရန် ပြင်သစ်နိုင်ငံက တောင်းဆိုပြီးနောက် ဆာလာမီ၏ သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အီရန်အနေဖြင့် ဒုံးကျည်များ၏ အကွာအဝေးကို ကီလိုမီတာ ၂ဝဝဝ အထိသာ ကန့်သတ်ထားခြင်းမှာ နည်းပညာမ ရှိခြင်းကြောင့် မဟုတ်ဘဲ နိုင်ငံ၏ မဟာဗျူဟာ မူဝါဒကြောင့်သာဖြစ်ကြောင်း၊ ဥရောပသည် ယခုအချိန်အထိ အီရန်အတွက်ခြိမ်းခြောက်မှု တစ်ရပ်အဖြစ် ရှိမနေသေးကြောင်း ၎င်းကဆက်ပြောသည်။ နိုင်ငံ၏ ဒုံးကျည်အစီအစဉ်သည် ခုခံကာကွယ်ရေး အတွက် သာ ရည်ရွယ်ခြင်းဖြစ်သောကြောင့် စေ့စပ်ညှိနှိုင်းမည် မဟုတ်ဟု အီရန်က အကြိမ်ကြိမ်ပြောထား သည်။ အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန် တပ်ဖွဲ့များသည် အီရန်ဒုံးကျည်များ၏ ထိရောက် အကွာအဝေးအတွင်း ရှိနေသောကြောင့် ဒုံးကျည်များ၏ အ ကွာအဝေးကို တိုးမြှင့်ခဲ့ခြင်းမရှိဟု တော်လှန်ရေး အစောင့် တပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ်မိုဟာမက်အလီဂျာဖာရီက ပြီးခဲ့သည့်လအတွင်း ပြောထားကြောင်း သိရသည်။

Read 306 times Last modified on Monday, 27 November 2017 09:23