SJ WorldNews - шаблон joomla Авто

အမေရိကန် ပြည်ထောင်စု၌ ယာဉ်ငါးစီး ဆင့်တိုက်မှုဖြစ်ပွား လေးဦးသေဆုံး

Monday, 27 November 2017 09:17 font size decrease font size decrease font size increase font size increase font size

ဆန်ဖရန်စစ္စကို နိုဝင်ဘာ ၂၆

အမေရိကန် ပြည်ထောင်စု အနောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ်ရှိ အဝေးပြေး လမ်းမတစ်ခု၌ ယာဉ်ငါးစီး ဆင့်တိုက်မှုတစ်ခု ဖြစ်ပွားရာ လူလေးဦးထက် မနည်းသေဆုံးကြောင်း ကယ်လီဖိုးနီးယားပြည်နယ် အမြန်လမ်း ရဲအရာရှိက နိုဝင်ဘာ ၂၅ ရက် တွင်ပြောသည်။

အမေရိကန် အနောက်ပိုင်းကမ်းရိုးတန်း ဆန်ဖရန်စစ္စကိုမြို့၏ အရှေ့မြောက်ဘက် ၁၂ ကီလိုမီတာ အကွာရှိ ဆန်ပါဘလိုမြို့၌ နိုဝင်ဘာ ၂၅ ရက်ည နှောင်းပိုင်းအချိန်တွင် ဖြစ်ပွားသော ယာဉ်ငါးစီး ဆင့်တိုက်မှုအတွင်း လူခြောက်ဦး ဒဏ်ရာရရှိကြောင်း အဆို ပါ ရဲအရာရှိက ပြောသည်။ ယာဉ်တိုက်မှုအတွင်း ဒဏ်ရာရရှိသူများကို ဆေးကုသမှုခံယူရန်အတွက် ဒေသတွင်း ဆေးရုံသို့ ပို့ဆောင်ထားကြောင်း အုတ်ကလန်းနယ်မြေ အမြန်လမ်း ရဲတပ်ဖွဲ့ရုံး၏ ပြောဆိချက်အရ သိရသည်။ အဝေးပြေးလမ်းမကြီးပေါ်ရှိ ယာဉ်ကြောကို အနီးရှိလမ်းဖြင့် လမ်းလွှဲပေးခဲ့ကြောင်းနှင့် လမ်းပိတ်ဆို့မှု မည်မျှကြာမည်ကို မသိရသေးကြောင်း သိရသည်။ ယာဉ်တိုက်မှုအတွင်း ပါဝင်ပတ်သက်နေသည့် သေကျေဒဏ်ရာ ရရှိသူများ၏ အသေးစိတ် အချက်အလက်ကိုလည်း ချက်ချင်း မ သိရသေးကြောင်း သိရသည်။

Read 294 times Last modified on Monday, 27 November 2017 09:23