SJ WorldNews - шаблон joomla Авто

ပြည်ပ မီဒီယာများကို သူလျှိုများအဖြစ် သတ်မှတ်မည့် ဥပဒေကြမ်းကို ပူတင် လက်မှတ်ထိုး

Monday, 27 November 2017 09:17 font size decrease font size decrease font size increase font size increase font size

မော်စကို နိုဝင်ဘာ ၂၆

နိုင်ငံအတွင်းရှိ ပြည်ပမီဒီယာ အချို့ကို သူလျှိုများအဖြစ် သတ်မှတ်မည့် ဥပဒေကြမ်းကို ရုရှားလွှတ်တော် နှစ်ရပ်စလုံးက အတည်ပြု လိုက်ပြီးနောက် သမ္မတ ဗလာဒီမာပူတင်က လက်မှတ်ထိုးလိုက်ပြီ ဖြစ်သည့် အတွက် ယင်းဥပဒေကြမ်းသည် ဥပဒေအဖြစ် အသက်ဝင်လာပြီ ဖြစ်သည်။

ယင်းဥပဒေတွင် ပြဋ္ဌာန်းထားချက်များအရ ပြည်ပအစိုးရများ သို့မဟုတ် အဖွဲ့အစည်းများ၏ ငွေကြေး ထောက်ပံ့မှုများကို လက်ခံသော မီဒီယာများကို သူလျှိုများအဖြစ် သတ်မှတ်သွားမည်ဖြစ်ပြီး ထိုမီဒီယာများကို တရားရေးဝန်ကြီးဌာနက ရွေးချယ်သွားမည်ဖြစ် သည်။ ထိုသို့ သူလျှိုအဖြစ် သတ်မှတ်ခံရသော မီဒီယာများသည် ၎င်းတို့၏ စက်ကိရိယာများကို ပြည်ပအေးဂျင့်က ထောက်ပံ့ပေးမှု၊ ၎င်းတို့၏ လုပ်ဆောင်မှုများကို ပြန် လည်သတင်းပေးပို့မှု၊ ၎င်းတို့၏ ပေါင်းစပ်ထားသော စီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် သတင်း များပေးမှုနှင့် သီးခြားသတင်းများ ပေးပို့မှုတို့ကို လူသိရှင်ကြား ထုတ်ပြန် သွားရမည်ဖြစ်သည်။

တရားရေး ဝန်ကြီးဌာန၏ ယခင်ကသူလျှိုအဖြစ် သတ်မှတ်ခံရသော စာရင်းတွင် VOA၊ Current Time၊ Radio Free Europe/Radio Liberty နှင့် အခြားမီဒီယာများ ပါဝင်သည်။ ယခုကဲ့သို့ လုပ်ဆောင်မှုသည် အမေရိကန် ပြည်ထောင်စုရှိ ရုရှားသတင်းဌာ နဖြစ်သော RT America ကို ပြည်ပသူလျှိုအဖြစ် မှတ်တမ်း တင်ရန် အမေရိကန် တရားရေးဝန်ကြီးဌာနက ဖိအားပေး တောင်းဆိုမှုအပေါ် လက်တုံ့ပြန်သည့် အနေဖြင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

Read 330 times Last modified on Monday, 27 November 2017 09:24