SJ WorldNews - шаблон joomla Авто
ရွှေကူ

ရွှေကူ

၁။ မြန်မာနိုင်ငံသည် သယံဇာတများ ပေါကြွယ်ဝသည့်အပြင် သမိုင်း တန်ဖိုးကြီးမားသည့် ''ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်'' များ၏ ဂုဏ်သတင်းကြောင့်လည်း ကမ္ဘာ့နိုင်ငံများ၏ အလေးထား ဂရုပြုခြင်းခံရသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။

Apple ကုမ္ပဏီသည် လာမည့်နှစ်မှစ၍ iPhone များတွင် လက်ဗွေဖတ် လုံခြုံရေး စနစ်အစား မျက်နှာပြင်ဖတ် လုံခြုံရေး စနစ်ကို အစားထိုး အသုံးပြုမည်ဖြစ်ကြောင်း အတည်ပြုထုတ်ပြန် ထားသည်။

Counterpoint ဝက်ဆိုက်က နေ့စဉ်စမတ်ဖုန်း အသုံးပြုမှုနှင့် မိုဘိုင်းနည်းပညာ သဘောထားနှင့် ပတ်သက်သည့် စိတ်ဝင်စားဖွယ်ရာ ကိန်းဂဏန်း အချက်အလက်များကို ထုတ်ဖော်ပြသခဲ့သည်။ သုတေသန ပညာရှင်များ၏ အဆိုအရ စမတ်ဖုန်း အသုံးပြုသူ ထက်ဝက်ခန့်သည် တစ်နေ့တာ အချိန်အတွင်း ငါးနာရီခန့်ကို ဖုန်းများဖြင့်သာ ကုန်ဆုံးနေပြီး စမတ်ဖုန်းပိုင်ရှင် စုစုပေါင်း၏ ၂၆ ရာခိုင်နှုန်းသည် တစ်နေ့တာ၏ ခုနစ်နာရီခန့်ကို ဖုန်းဖြင့်သာ ကုန်ဆုံးနေကြောင်း သိရသည်။

ရန်ကုန် အောက်တိုဘာ ၁၉

ရွှေနှင့်သတ္တု သယံဇာတများ တူးဖော်ရာတွင် အသုံးပြုသည့် ဆိုင်ယမ်နိုက်အက်စစ်ကို အသုံးပြုရန် ပိတ်ပင်ထားရာမှ ယခုအခါ တရားဝင်ပြန်လည် အသုံးပြုရန် ခွင့်ပြုပြီဖြစ်ကြောင်း မြန်မာနိုင်ငံ သတ္တုတူးဖော်ရေး လုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌ ဦးခင်မောင်ဟန် ထံမှ သိရသည်။

ရန်ကုန် အောက်တိုဘာ ၁၉

၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် လေးသန်းအထိ တင်ပို့နိုင်ပြီး ကမ္ဘာ့ဆန်အများဆုံး တင်ပို့သည့် ငါးနိုင်ငံ စာရင်း၌ ပါဝင်နိုင်‌ရန် ကြိုးပမ်းလျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရသည်။

ရန်ကုန် အောက်တိုဘာ ၁၉

အသိပညာပိုင်းနှင့် ဦးစားပေးမှုပိုင်းများ အားနည်းသည့် အနေအထားကြောင့် နှစ်စဉ် ကလေးငယ် တစ်သိန်းနီးပါး ခန့်မှာ ကာကွယ်ဆေး မရရှိသေးကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တိုးချဲ့ကာကွယ်ဆေး ထိုးနှံခြင်း အစီအစဉ် စီမံချက် မန်နေဂျာ ဒေါက်တာ ထားထားလင်းထံမှ သိရသည်။

နေပြည်တော် အောက်တိုဘာ ၁၉

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ရွာသစ်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါ ကျေးရွာစာကြည့်တိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

နေပြည်တော် အောက်တိုဘာ ၁၉

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (အီးယူ) သံအမတ်ကြီး H.E. Mr. Kristian Schmidt အား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

နေပြည်တော် အောက်တိုဘာ ၁၉

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက် ရှိသော ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း ကော်မတီ၏ မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ရှိ ငွေစုဘဏ် စာရင်းအမှတ် (CF-003434)သို့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မည့် ကဏ္ဍစုံ လုပ်ငန်းစဉ်များတွင် အသုံးပြုရန် အလှူငွေ ကျပ်သိန်းပေါင်း ၃ဝဝဝဝ ကို ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်း (BFM)က အောက်တိုဘာ ၁၉ ရက်တွင် ထည့်ဝင် လှူဒါန်းခဲ့ကြောင်း သိရသည်။

အရေးကြီးတာဝန်

ထိုသို့အတွင်းပိုင်း ဝင်နေသော ၆၈၃ အဖွဲ့အတွက် အတိုဆုံးသော ဆက်သွယ်ရေး လမ်းကြောင်းကို ဖြတ်တောက်နိုင်ရေး အတွက် အရေးကြီးသည်။ မော်ဖဒေသကို တိုက်ခိုက် သိမ်းပိုက်ရမည်။ အုပ်ချုပ်ထောက်ပံ့မှု Admin box ကို ချေမှုန်း ဖျက်ဆီးရမည်။ ဗကပမြို့တော် ပန်ဆန်းကို ခြိမ်းခြောက်ထားရန်လိုသည်။

Page 1 of 125