SJ WorldNews - шаблон joomla Авто

ကိုလံဘို  စက်တင်ဘာ 

သီရိလင်္ကာနိုင်ငံ၌ အမှိုက်များ စွန့်ပစ်ရန် အခက်အခဲဖြစ်နေပြီး   နိုင်ငံ၏ အကြီးမားဆုံး အမှိုက်ပုံပြိုကျမှုဖြစ်ပြီးနောက် ပလတ်စတစ်အိတ်နှင့် အခြားသော ပလတ်စတစ်အသုံးပြု   တစ်ခါသုံးပစ္စည်းများ သုံးစွဲခြင်းကို စက်တင်ဘာ ၁ ရက်တွင် တားမြစ်လိုက်ကြောင်း သိရသည်။

နယူးဒေလီ  စက်တင်ဘာ 

အိန္ဒိယအစိုးရသည် မိုးခေါင်မှုနှင့် ရေကြီးမှု တို့ကို ကိုင်တွယ်ဖြေရှင်းရန်အတွက် နိုင်ငံ၏ အကြီးဆုံးမြစ်များ အနက် အချို့ကို ဆက်သွယ်ရန် အမေရိကန်ဒေါ်လာ ၈၇ ဘီလီယံကုန်ကျမည့်အစီအစဉ်ကို တစ်လအတွင်း စတင်မည်ဖြစ်ကြောင်း  အစိုးရ သတင်းအရင်းအမြစ် များကပြောသည်။

အစ္စလာမ်မာဘတ် စက်တင်ဘာ ၁

ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိဆိပ်ကမ်းမြို့၌ သြဂုတ် ၃၁ ရက်တွင် မုတ်သုံမိုး သည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် အနည်းဆုံး ၁၆ ဦးသေဆုံးပြီး အများအပြား  ဒဏ်ရာရရှိကြောင်း ဒေသတွင်းသတင်းဌာန တစ်ခု၏ ထုတ်ပြန်ချက်အရ သိရသည်။

တီဟီရန်  စက်တင်ဘာ 

အီရန်နိုင်ငံ၌ စက်တင်ဘာ ၁ ရက်တွင် အားကစားနှင့် ယဉ်ကျေးမှုများကို လေ့လာရန် အတွက် နိုင်ငံတောင်ပိုင်းရှိ ရှီရာဇမြို့သို့သွားသည့် ဘတ်စကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားရာ ယာဉ်မောင်းနှင့် ကျောင်းသူ ၁၁ ဦး သေဆုံးကြောင်း ဒေသတွင်း သတင်းဌာနက ထုတ်ပြန်သည်။

ဆစ်ဒနီ     စက်တင်ဘာ   

သြစတြေးလျနိုင်ငံသည် ရာသီဥတု ပြောင်းလဲမှုကြောင့် ကာလရှည်ကြာ ပူနွေးမှုဖြစ်ပွားနေ သည့်အတွက် ယခုနှစ်သည် အပူဆုံး ဆောင်းရာသီအဖြစ် စံချိန်တင်ခဲ့ကြောင်း သြစတြေးလျ ရာသီဥတုအဖွဲ့အစည်းက  စက်တင်ဘာ ၁ ရက်တွင်ပြောသည်။

 မော်စကို  စက်တင်ဘာ 

မြောက်ကိုရီးယား အစိုးရက  ယခုရက်သတ္တပတ်အတွင်း   ဂျပန်နိုင်ငံအပေါ်မှ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်း  ပစ်လွှတ်ပြီးနောက်  ကိုရီးယားကျွန်းဆွယ်၌ စစ်ပွဲများဖြစ်ပွားနိုင်မှု အပေါ်

စတော့ဟုမ်း  စက်တင်ဘာ 

ဆွီဒင်နိုင်ငံ စတော့ဟုမ်းရင်ပြင်၌ လူတစ်ဦးက ရဲအရာရှိတစ်ဦးကို ဓားဖြင့်တိုက်ခိုက်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

မနီလာ   စက်တင်ဘာ 

ဖိလစ်ပိုင်နိုင်ငံ၌ သတင်းမှားများ ဖြန့်ချိသူများကို ထောင်ဒဏ်ခြောက်လနှင့် ငွေဒဏ်ပီဆို နှစ်သိန်းအထိ ချမှတ်နိုင်သည့် ဥပဒေသစ်တစ်ရပ်ကို သမ္မတ ရိုဒရီဂိုဒူတာတေက လက်မှတ်ထိုးလိုက်သည်။

ဝါရှင်တန်   စက်တင်ဘာ 

အမေရိကန်ပြည်ထောင်စုရှိ ရုရှားကောင်စစ်ဝန်ရုံးနှင့် သံတမန် အဆောက်အအုံ နှစ်လုံးကိုပိတ်ရန် အမေရိကန်အစိုးရက ရုရှားနိုင်ငံအား တောင်းဆိုလိုက်ကြောင်း သိရသည်။

Page 301 of 320