SJ WorldNews - шаблон joomla Авто

ကဘူး     သြဂုတ်    ၂၅

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တော်ရှိ ရှီးယိုက် မူဆလင်ဗလီ အဆောက်အအုံ ဝင်ပေါက်၌ သြဂုတ် ၂၅ ရက်တွင် အကြမ်းဖက် သမားတစ်ဦးက အသေခံဗုံးခွဲပြီးနောက် အခြားအကြမ်းဖက် သမားများက အဆောက်အအုံကို စီးနင်း တိုက်ခိုက်ရာ ဒေသခံ ၁၄ ဦးထက်မနည်း သေဆုံးကြောင်း တာဝန်ရှိသူ များက ပြောသည်။ ယင်းတိုက်ခိုက်မှုသည်  ဗလီအတွင်း၌ ဒေသခံများ ဝတ်ပြုနေစဉ် ဖြစ်ပွားခြင်းဖြစ်ပြီး တိုက်ခိုက်မှုအတွင်း ရှစ်ဦးဒဏ်ရာ ရရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မော်စကို    သြဂုတ်   ၂၅

ရုရှားနိုင်ငံ တောင်ပိုင်း၌ သြဂုတ် ၂၅ ရက် အစောပိုင်းတွင် ဆောက်လုပ်ရေး အလုပ်သမားများကို တင်ဆောင်လာ သည့် ဘတ်စကားတစ်စီးသည် တံတားပေါ်တွင် မောင်းနှင်နေရာမှ ပင်လယ်အတွင်းသို့ ထိုးကျသွားကြောင်း သိရသည်။

ဆိုး   သြဂုတ်   ၂၅

တောင်ကိုရီးယားနိုင်ငံ ဆမ်ဆောင်း ကုမ္ပဏီမှ ဒုတိယ ဥက္ကဋ္ဌ လီဂျေးယောင်ကို သမ္မတဟောင်း ပါ့ဂွမ်ဟေးပါဝင်သော နိုင်ငံရေး မကောင်း သတင်းထွက်ပေါ်မှုတွင် ဆက်စပ်ပါဝင်နေမှု၊ လာဘ်ပေးမှုတို့ဖြင့် တရားရုံးက သြဂုတ် ၂၅ ရက် တွင် ထောင်ဒဏ်ငါးနှစ် ချမှတ်ကြောင်း သိရသည်။

ကန်ဘာရာ    သြဂုတ်  ၂၅

သြစတြေးလျနိုင်ငံ ကန်ဘာရာမြို့တော်ရှိ သြစတြေးလျ အမျိုးသား တက္ကသိုလ်၌ သြဂုတ် ၂၅ ရက် နံနက်ပိုင်းတွင် ကျောင်းသားများကို ဘေ့ဘောဘက်တံဖြင့် တိုက်ခိုက်မှု ဖြစ်ပွားကြောင်း သိရသည်။

အမေရိကန်အစိုးရအနေဖြင့်  မြောက်အတ္တလန္တိတ် ကုန်သွယ်ရေး သဘောတူညီချက်ကို ဖျက်သိမ်းရဖွယ်ရှိသည်ဟု သမ္မတ ဒေါ်နယ်ထရမ့်၏ ပြောဆိုချက် ထွက်ပေါ်လာပြီးနောက် နိုင်ငံအတွင်းရှိ စတော့ရှယ်ယာ ဈေးနှုန်းများမှာ သြဂုတ် ၂၃ ရက်တွင် ကျဆင်းသွားသည်။

တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေး တိုးတက်ရန်အတွက် နိုင်ငံအတွင်း ကာလရှည်ကြာဖြစ်ပွားနေသည့် ကလေးမွေးဖွားနှုန်း ကျဆင်းနေခြင်းကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းမည်ဟု ဘဏ္ဍာရေးဝန်ကြီး ကင်ဒုန်ယွန်ကပြောသည်။

အစ္စလာမ်မာဘတ်  သြဂုတ်  ၂၄

ပါကစ္စတန်နိုင်ငံ   အင်ဒက်ချိုင့်ဝှမ်းမှ မြေအောက်ရေအတွင်း စိန်အဆိပ်ပါဝင်မှုကြောင့် ဒေသခံသန်း ၅ဝ ခန့် ဘေးအန္တရာယ်နှင့် ကြုံတွေ့နေရကြောင်း လေ့လာချက်တစ်ရပ်အရ သိရသည်။

ဗီယန်ကျင်း    သြဂုတ်    ၂၄

လာအိုနိုင်ငံ   သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန အနေဖြင့် တိုင်းပြည်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် သိပ္ပံပညာရပ်ဆိုင်ရာ သုတေသနကို အားပေးမြှင့်တင် သွားမည်ဖြစ်ကြောင်း Vientiane Times နေ့စဉ်ထုတ်သတင်းစာက သြဂုတ် ၂၄ ရက်တွင်ဖော်ပြထားသည်။

မော်စကို သြဂုတ် ၂၄

ရုရှားနိုင်ငံက ၎င်းတို့၏ နျူကလီးယား သယ်ဆောင်နိုင်သော မဟာဗျူဟာမြောက် ဗုံးကြဲ လေယာဉ်များကို ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ ဂျပန်ပင်လယ်ပြင်နှင့် အရှေ့တရုတ်ပင်လယ် ပြင်တို့ရှိ ဝေဟင်များ အပေါ်သို့ စေလွှတ်လိုက်သည့် အတွက် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံ တို့မှ တိုက်လေယာဉ်များက အရေးပေါ် ပျံတက်လိုက်ရကြောင်း သိရသည်။

ခါတွန် သြဂုတ် ၂၄

ဆူဒန်နိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီးကို ၎င်း၏နေအိမ်ရှိ ရေကူးကန် အတွင်း၌ သေဆုံး နေသည်ကို သြဂုတ် ၂၃ ရက်တွင် တွေ့ရှိရကြောင်း သိရသည်။

Page 308 of 323