SJ WorldNews - шаблон joomla Авто

အစ္စလာမ်မာဘတ်   သြဂုတ်  ၁

ပါကစ္စတန်လွှတ်တော် အမတ်များသည် သြဂုတ် ၁ ရက်တွင် ရေနံဝန်ကြီးဟောင်း အက်ဘာဆီကို ဝန်ကြီးချုပ်အဖြစ် ရွေးကောက် တင်မြှောက်လိုက်ကြောင်း သိရသည်။ အက် ဘာဆီသည် ရာထူးမှ နုတ်ထွက်သွားသော ဝန်ကြီးချုပ်ဟောင်း နာဝပ်ရှာရစ်၏ တာဝန်များကို ဆက်လက်ထမ်းဆောင် သွားမည်ဖြစ်သည်။

ဆိုး     သြဂုတ်    ၁

တောင်ကိုရီးယား အစိုးရသည် နိုင်ငံ၏ အလုံးစုံသော စစ်လက်နက်ပစ္စည်း ကုန်သွယ် ရေးကို တိုးမြှင့်ရန် လုပ်ဆောင်မှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အင်ဒိုနီးရှား အစိုးရနှင့် ကာကွယ်ရေး စက်မှုလုပ်ငန်းတွင်  ခိုင်မာသော ဆက်ဆံရေးကို တည်ဆောက်နေပြီဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက သြဂုတ် ၁ ရက်တွင်ပြောသည်။

ဖနွမ်းပင်   သြဂုတ်   ၁

ကမ္ဘောဒီးယားနိုင်ငံ၏ ထင်ရှားသော အန်ကောဝပ် ဘုရားကျောင်း၌ ၁၂ ရာစုခန့်တွင် ထုလုပ်ခဲ့သည်ဟု ယူဆရသော သဲကျောက်ဖြင့် ထွင်းထုထားသည့် ရုပ်တုကြီးတစ်ခုကို ရှေးဟောင်းသုတေသန ပညာရှင်များက တူးဖော်တွေ့ရှိသည်ဟု သိရသည်။

တဘီလီဆီ   သြဂုတ်   ၁

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယခုရက်သတ္တပတ်အတွင်း ရုရှားနိုင်ငံအပေါ် ချမှတ်မည့် အရေးယူပိတ်ဆို့မှု ဥပဒေကြမ်းကို လက်မှတ်ထိုးမည်ဖြစ်ကြောင်း ဂျော်ဂျီယာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော ဒုတိယ သမ္မတ မိုက်ပန့်က ဂျော်ဂျီယာဝန်ကြီးချုပ် ဂျော်ဂျီ ကေဗာရီကက်ဗီလီနှင့်အတူ သြဂုတ် ၁ ရက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောသည်။

ကွာလာလမ်ပူ   သြဂုတ်  

မလေးရှားတာဝန်ရှိသူများသည် ပြီးခဲ့သည့် ရက်သတ္တပတ်အကုန်အတွင်း အမေရိကန် ဒေါ်လာတစ်သန်းခန့် တန်ဖိုးရှိသည့် တရား မဝင်ဆင်စွယ်များနှင့် သင်းခွေချပ် ကြေးခွံများ ကိုသိမ်းဆည်း ရမိကြောင်း လေဆိပ် အကောက် ခွန်တာဝန်ရှိသူများက သြဂုတ် ၂ ရက်တွင် ပြောသည်။

ဆိုး    သြဂုတ်  

တောင်ကိုရီးယားနိုင်ငံ၏ ဒေဝူးသင်္ဘော တည်ဆောက်ရေး ကုမ္ပဏီသည် အင်ဒိုနီးရှား ရေတပ်သို့ တန်ချိန် ၁၄ဝဝ ရှိ ဒီဇယ်-လျှပ် စစ်စွမ်းအင်သုံး ရေငုပ်သင်္ဘော တစ်စင်းကို သြဂုတ် ၂ ရက်တွင် လွှဲပြောင်းပေးလိုက်ပြီး နိုင်ငံ၏ရေငုပ် သင်္ဘော တင်ပို့နိုင်သည့် ပထမ ဆုံးကုမ္ပဏီ ဖြစ်လာကြောင်း သိရသည်။

နယူးယောက်   သြဂုတ်  

စစ်မက်ဖြစ်ပွားလျက် ရှိသော ယီမင်နိုင်ငံ၌ ကာလဝမ်းရောဂါ ကူးစက်ပြန့်ပွားလျက်ရှိပြီး အငတ်ဘေးနှင့် ရင်ဆိုင် နေရခြင်းတို့သည် ယင်းနိုင်ငံကို ချောက်ကမ်းပါးစွန်းသို့ တွန်းပို့ နေခြင်းဖြစ်ကြောင်း ကုလသမဂ္ဂမှ ထိပ်တန်း တာဝန်ရှိသူ တစ်ဦးက သြဂုတ် ၂ ရက်တွင် ပြောသည်။

လော့အိန်ဂျလိ   သြဂုတ်  

အမေရိကန် ပြည်ထောင်စု လော့အိန်ဂျလိ မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးအပြင်ဘက်၌ အမည်မသိအမျိုးသား တစ်ဦးက သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ကာ ကိုယ့်ကိုယ် ကိုယ်သတ်သေမှု ဖြစ်ပွားကြောင်း ကောင်စစ် ဝန်ရုံးမှ တာဝန်ရှိသူများက သြဂုတ် ၁ရက် ညပိုင်းတွင် ပြောသည်။

တိုကျို   သြဂုတ်  

အမေရိကန်ပြည်ထောင်စုနှင့် ဂျပန်နိုင်ငံတို့က တောင်တရုတ်ပင်လယ် အတွင်း ပူးတွဲ ရေတပ်စစ်ရေး လေ့ကျင့်ခန်း ပြုလုပ်စဉ် အမေရိကန်စစ်သည်တစ်ဦး   ပျောက်ဆုံးနေပြီး နှစ်နိုင်ငံ ရေတပ်က ရှာဖွေမှုများ လုပ်ဆောင်နေကြောင်း တာဝန်ရှိသူများက သြဂုတ် ၂ ရက် တွင်ပြောသည်။

နည်းပညာမြှင့်တင်မှုများကို တစိုက်မတ် မတ်လုပ်ဆောင်လာသည့် တရုတ်နိုင်ငံသည် ယခုအခါ မောင်းသူမဲ့ ဓာတ်ရထားကို ထုတ်ဖော်ပြသလိုက်ပြီဖြစ်သည်။ အဆိုပါဓာတ်ရထားကို ရှန် တုံပြည် နယ် ကျင်းတောင်မြို့၌ပြသခြင်းဖြစ်သည်။ ၎င်းဓာတ်ရထား၏ အရှည်သည်  ၃၅ဒသမ ၁၉ မီတာရှိပြီး ၂ ဒသမ ၆၅ မီတာ ကျယ်ကာ ခရီး သည် ၃၈ဝ အထိတင်ဆောင်မောင်းနှင်နိုင်သည်။ အမြန်နှုန်းအားဖြင့် တစ်နာရီလျှင် ကီလိုမီ တာ ၇ဝ အထိမောင်းနှင်ရောက်ရှိနိုင်သည်။ အဆိုပါ ကမ္ဘာ့ပထမဆုံးမောင်းသူမဲ့ဓာတ် ရထားတွင် အလိုအလျောက်မီးရထားထိန်း ချုပ်ရေးစနစ်(ATC) တပ်ဆင်ထားသည်။ ၎င်းစနစ်သည် ယင်းဓာတ်ရထားအတွက် အဓိကကျ သည့်  ဦးနှောက် တစ်လုံးကဲ့သို့ လုပ်ဆောင်ပေးမည်ဖြစ်သည်။ ယင်းဦးနှောက်သည် ဓာတ်ရထားစတင် ထွက်ခွာခြင်း၊ မောင်းနှင်ခြင်းနှင့်ရပ်တန့်ခြင်း တို့ကို အလိုအလျောက်လုပ်ဆောင်နိုင်စေ သော်လည်း မီးရထားမောင်းနှင်သူများက အဆိုပါစနစ်ကို အထောက် အပံ့များပေးရန် အတွက် အသင့်ရှိနေရမည်ဖြစ်ကြောင်းတရုတ်နိုင်ငံသားပိုင်  မီးရ ထား တွဲများတည်ဆောက်ရေးကုမ္ပဏီဖြစ်သည့် စီအာအာစီကျင်းတောင် ဆီဖန်းကုမ္ပဏီမှ အင်ဂျင်နီ ယာ လီ ယန် ယီက ပြောသည်။ ဓာတ်ရ ထားများတွင် အလို အလျောက် မောင်းနှင်သည့် စနစ်ကို အသုံးပြုပေးထားခြင်းသည် စွမ်းဆောင်ရည်နှင့် လုံခြုံမှုကို ပိုမိုတိုး တက်စေရန် အတွက် ရည်ရွယ်ထားခြင်းပင် ဖြစ်သည်။

Page 319 of 319