SJ WorldNews - шаблон joomla Авто

ဂျီနီဗာ  အောက်တိုဘာ  ၁၄

ရုတ်တရက်ဖြစ်ပွားတတ်သော သဘာဝ ဘေးအန္တရာယ်များကြောင့် ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ် လူ ၁၄ သန်းနီးပါးမှာ အိုးမဲ့အိမ်မဲ့ ဖြစ်ပွားလျက်ရှိကြောင်းနှင့် သဘာဝဘေး အန္တရာယ်များ အတွက် ကြိုတင်ပြင်ဆင်မှုများ မပြုလုပ်ပါက အိုးမဲ့အိမ်မဲ့ အရေအတွက်မှာ ပိုမိုတိုးမြင့်လာမည်ဖြစ်ကြောင်း ကုလသမဂ္ဂ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ သက်သာ ချောင်ချိရေး အေဂျင်စီက အောက်တိုဘာ ၁၃ ရက်တွင် သတိပေးထားသည်။

နိုင်ရိုဘီ  အောက်တိုဘာ  ၁၄

ကင်ညာနယ်စပ်ဒေသရှိ စာသင်ကျောင်းတစ်ကျောင်း၌ အောက်တိုဘာ ၁၄ ရက် အစောပိုင်းတွင် အိမ်နီးချင်း တောင်ဆူဒန်နိုင်ငံမှ လူတစ်စုက စီးနင်းတိုက်ခိုက်ရာ လူ ခုနစ်ဦး သေဆုံးသွားကြောင်း  ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

မိုဇိုဂို  အောက်တိုဘာ  ၁၄

ကင်မရွန်းနိုင်ငံမြောက်ပိုင်းတွင် ဘိုကိုဟာရမ် စစ်သွေးကြွအဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီး ၎င်းတို့ဘက်မှ ပါဝင်တိုက်ခိုက်ရန် အတင်းအဓမ္မ စေခိုင်းခံရသည့် စစ်သွေးကြွအဖွဲ့ဝင် ၆ဝ နီးပါးသည် လုံခြုံရေးတပ်ဖွဲ့များထံ လက်နက်ချကြောင်း ကင်မရွန်းအာဏာပိုင်များက ထုတ်ပြန်သည်။

Page 329 of 373