SJ WorldNews - шаблон joomla Авто

မနီလာ အောက်တိုဘာ ၁၂

ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေက ၎င်း၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်သည် စိတ်ကျေနပ်စရာ ကောင်းလောက်အောင် အပြောင်းအလဲ တစ်ခုဖြစ်လာမည်ဟု အောက်တိုဘာ ၁၂ ရက်တွင် ထုတ်လွှင့်ပြသသော ရုပ်သံမိန့်ခွန်း တစ်ခုတွင်ပြောသည်။

မော်စကို အောက်တိုဘာ ၁၂

အမေရိကန် ပြည်ထောင်စုရှိ သံတမန် အဆောက်အအုံများမှ ရုရှားနိုင်ငံ အလံများကို ဖယ်ရှားခြင်းနှင့် စပ်လျဉ်း၍ အမေရိကန် အစိုးရကို အပြင်းအထန် ကန့်ကွက်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက အောက်တိုဘာ ၁၂ ရက်တွင်ပြောသည်။

နိုင်ရိုဘီ အောက်တိုဘာ ၁၂

ကင်ညာနိုင်ငံ အနောက်ပိုင်း ဒေသ၌ အောက်တိုဘာ ၁၁ ရက်တွင် ဆောက်လုပ်ဆဲ လေးထပ် အဆောက်အအုံ ပြိုကျမှု ဖြစ်ပွားရာ ခုနစ်ဦးထက်မနည်း သေဆုံးကြောင်း တာဝန်ရှိသူများက အောက်တိုဘာ ၁၂  ရက်တွင် အတည်ပြုပြောသည်။

ဂျကာတာ အောက်တိုဘာ  ၁၂

အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်း ဆူမားတြား ပြည်နယ်ရှိ ဆီနာဘန်မီးတောင်သည် အောက်တိုဘာ  ၁၂ ရက် အစောပိုင်းတွင် ပေါက်ကွဲပြီး ပြာများကို မီးတောင်အထက် ၂ ကီလိုမီတာ အထိ မှုတ်ထုတ်လိုက်ကြောင်း သဘာဝ ဘေးအန္တရာယ်  စီမံခန့်ခွဲရေး အေဂျင်စီမှ အကြီးအကဲ တစ်ဦးကပြောသည်။

ကိယက် အောက်တိုဘာ ၁၂

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဒိုးနက်ဒေသရှိ ကျောက်မီးသွေးတွင်း တစ်ခု၌ မီသိန်း ဓာတ်ငွေ့နှင့်လေ ပေါင်းစပ်ပြီးနောက် ပေါက်ကွဲမှု ဖြစ်ပွားရာ ကျောက်မီးသွေးတွင်း အလုပ်သမား သုံးဦးသေဆုံးကြောင်း ဒေသတွင်း သတင်းဌာနက အောက်တိုဘာ ၁၂ ရက်တွင် ထုတ်ပြန်သည်။

ကွာလာလမ်ပူ အောက်တိုဘာ ၁၂

မလေးရှား၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် နိုင်ငံတို့သည် အောက်တိုဘာ ၁၂ ရက်တွင် ဆူလူပင်လယ်၏ ဝေဟင်ပိုင်နက် အတွင်း လေကြောင်း ကင်းလှည့်မှုများကို ပူးပေါင်း ဆောင်ရွက်ကြောင်း မလေးရှား ကာကွယ်ရေးဝန်ကြီး ဟီရှာမူဒင်ဟူစိန်က ပြောသည်။

Page 330 of 373