SJ WorldNews - шаблон joomla Авто

ဆန်ဖရန်စစ္စကို အောက်တိုဘာ ၁ဝ

အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် နော့ဘေးဒေသ၌ တောမီး လောင်ကျွမ်းမှုကြောင့် အနည်းဆုံး လူ ၁ဝ ဦးသေဆုံးပြီး ၁ဝဝ ကျော် ပျောက်ဆုံးလျက်ရှိ ကြောင်း အာဏာပိုင်များက အောက်တိုဘာ ၁ဝ ရက်တွင် ထုတ်ပြန်သည်။

မော်စကို အောက်တိုဘာ ၁ဝ

ရုရှားနိုင်ငံမှ တိုက်လေယာဉ် တစ်စင်းသည် အောက်တိုဘာ ၁ဝ ရက်တွင် ဆီးရီးယားရှိ စစ်အခြေစိုက် စခန်းမှ ထွက်ခွာစဉ် ပျက်ကျသွားရာ လေယာဉ်အမှုထမ်း အားလုံး သေဆုံးသွားကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာန၏ ပြောဆိုချက်ကို ကိုးကား၍ ဒေသတွင်း မီဒီယာ တစ်ခုက ထုတ်ပြန်သည်။

ဘန်ကောက် အောက်တိုဘာ ၁ဝ

ထိုင်းနိုင်ငံ၌ အထွေထွေ ရွေးကောက်ပွဲကြီးကို လာမည့်နှစ် နိုဝင်ဘာလတွင် ကျင်းပသွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ပရာယု ချန်အိုချာက အောက်တိုဘာ ၁ဝ ရက်တွင် ပြောသည်။

ဆိုး အောက်တိုဘာ ၁ဝ

တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်သည် အစိုးရ အဖွဲ့၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေး ကဏ္ဍအသီးသီးမှ ထိပ်သီးခေါင်းဆောင် ငါးဦးနှင့် တွေ့ဆုံရာ၌ နိုင်ငံ၏ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် ပါတီနှစ်ခု စလုံးက ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှ ကြိုးပမ်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း တိုက်တွန်းထားသည်ဟု သိရသည်။

အီရန် နျူကလီးယား  သဘောတူစာချုပ်မှ အမေရိကန် နုတ်ထွက်ပါက ကောင်းမွန်ခြင်း မရှိသည့် အကျိုးဆက်များသာ ဖြစ်ပေါ်လာနိုင်ကြောင်း ကရင်မလင်နန်းတော်မှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က အောက်တိုဘာ ၉ ရက်တွင် ပြောသည်။

တူနီးရှား သင်္ဘောတစ်စင်းနှင့် ရွှေ့ပြောင်း ဒုက္ခသည် ၇ဝ လိုက်ပါလာသည့် လှေတစ်စင်းတို့သည် အောက်တိုဘာ ၉ ရက်တွင် တူနီးရှားနိုင်ငံနှင့် မော်တာနိုင်ငံအကြား ရေပိုင်နက်အတွင်း၌ မတော်တဆ တိုက်မိမှုဖြစ်ပွားခြင်းကြောင့် ရှစ် ဦးထက်မနည်း သေဆုံးကြောင်း နိုင်ငံပိုင် ANSA သတင်းဌာနက ထုတ်ပြန်ထားသည်။

အယ်ဂျီးရီးယားနိုင်ငံ အနေဖြင့် အမျိုးသား နျူကလီးယား စက်မှုလုပ်ငန်း တစ်ရပ်ကို တည်ထောင်၍ အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မည် ဆိုပါက ရုရှားနိုင်ငံက နည်းပညာများနှင့် နည်းပညာဆိုင်ရာ အကူအညီများ ပေးအပ်ရန် အသင့်ရှိသည်ဟု ရုရှားဝန်ကြီးချုပ် ဒီမီထရီမက်ဗီဒက်က ပြောသည်။

တရုတ်နိုင်ငံမှ ရိုင်ဖယ်သေနတ်များနှင့် လက်နက်ခဲယမ်းများ လှူဒါန်းမှုကို လက်ခံသည့် အခမ်းအနားတွင် တရုတ် (တိုင်ပေ) ကာကွယ်ရေး ဝန်ကြီးဌာန၏ အမှတ်တံဆိပ်များကို မှားယွင်းဖော်ပြမိသဖြင့် ဖိလစ်ပိုင် အစိုးရက အောက်တို ဘာ ၉ ရက်တွင် တရုတ်အစိုးရကို တောင်းပန်လိုက်ကြောင်း သိရသည်။

ဆွီဒင်နိုင်ငံ၌ စီးပွားရေး လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရစ်ချာ့အိတ်(ခ်ျ)သေလာ ဆိုသူသည် ၂ဝ၁၇ ခုနှစ်၏ စီးပွားရေး နိုဘယ်ဆုကို ချီးမြှင့်ခံရကြောင်း တော်ဝင်ဆွီဒင် သိပ္ပံတက္ကသိုလ်က ထုတ်ပြန်ကြေညာသည်။

သဟေ့ အောက်တိုဘာ ၉

နယ်သာလန် နိုင်ငံတွင် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရန် ရက်ပေါင်း ၂ဝ၈ ရက်ကြာ ဆွေးနွေးပြီးနောက် အောက်တိုဘာ ၉ ရက်တွင် သဘောတူညီမှု ရရှိကြောင်း သိရသည်။

Page 332 of 373