SJ WorldNews - шаблон joomla Авто

ကဘူး အောက်တိုဘာ ၈

အာဖဂန် နစ္စတန်နိုင်ငံ အနောက်ပိုင်း ဖာရက်ပြည်နယ်၌ ပြုလုပ်သော စစ်ဆင်ရေးအတွင်း တာလီဘန် ထိပ်တန်းခေါင်းဆောင် မူလာဇာဟီယာ အပါအဝင် စစ်သွေးကြွသုံးဦး သေဆုံးကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ အောက်တိုဘာ ၈ ရက်ထုတ် အစီရင်ခံစာအရ သိရသည်။

ဝါရှင်တန် အောက်တိုဘာ ၈

အီရန်နိုင်ငံသည် အရှေ့ အလယ်ပိုင်းတွင် တည်ငြိမ်မှု ပျက်ပြားစေရန် လုပ်ဆောင်နေ သောကြောင့် ၎င်းတို့၏ လုပ်ဆောင်ချက်များကို မကြာမီ ကာလအတွင်း တုံ့ပြန်သွားမည် ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။

နယူးအော်လင်း အောက်တိုဘာ ၈

အမေရိကန် ပြည်ထောင်စု မစ္စစ္စပီပြည်နယ် ကမ်းရိုးတန်း ဒေသသို့ အောက်တိုဘာ ၈ ရက်တွင်  နာတေးမုန်တိုင်း တိုက်ခတ်မှုနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းရာ လမ်းမများနှင့် အဝေးပြေး လမ်းမများအပေါ် ရေလွှမ်းမိုးမှုများ ဖြစ်ပွားကြောင်း သိရသည်။

ပေကျင်း အောက်တိုဘာ ၈

တရုတ်နိုင်ငံ၌ ၂ဝ၁၃ ခုနှစ်တွင် စတင်လုပ်ဆောင်သော အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အတွင်း အကြမ်းဖျင်းအားဖြင့် အဆင့်နိမ့် အာဏာပိုင် ၁ ဒသမ ၃၄ သန်းခန့် ပြစ်ဒဏ် ချမှတ်ခံရကြောင်း တရုတ် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့ကပြောသည်။

ရီယတ် အောက်တိုဘာ ၈

ဆော်ဒီအာရေဗျ နိုင်ငံ ဂျက်ဒက်မြို့ရှိ တော်ဝင်နန်းတော်၏ ဂိတ်ပေါက်ကို အောက်တိုဘာ ၇ ရက် နံနက်ပိုင်းတွင် အမျိုးသား တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ရာ နန်းတော် အစောင့်နှစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာ ရရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက် တစ်ရပ်တွင် ပြောသည်။

နယူးဒေလီ အောက်တိုဘာ ၈

မြေကြီးပူနွေးမှုသည် ကာဗွန်များကိုပိုမို ထုတ်လွှတ်နေသည့် အတွက် အန္တရာယ်များသော တုံ့ပြန်ချက်များ ဖြစ်ပေါ်ကာ ကမ္ဘာကြီး အပူချိန်မှာ ခန့်မှန်းထားသည်ထက် ပိုမိုမြင့်တက် နိုင်ကြောင်း မကြာသေးမီက ထုတ်ပြန်ထားသော လေ့လာချက် တစ်ရပ်အရ သိရသည်။

နယူးဒေလီ အောက်တိုဘာ ၈

အိန္ဒိယနိုင်ငံ မြောက်ပိုင်း အွတ်တာပရာဒေ့ ပြည်နယ်ရှိ မြစ်တစ်စင်း၌ လှေတစ်စင်း တိမ်းမှောက်မှု ဖြစ်ပွားရာ လူလေးဦး သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က အောက်တိုဘာ ၈ ရက်တွင်ပြောသည်။

Page 333 of 373