SJ WorldNews - шаблон joomla Авто

ဆီးရီးယား၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တစ်စထက်တစ်စ တိုးတက်လာသည် နှင့်အမျှ ယခုအခါ ယင်းနိုင်ငံအတွင်း ပြန်လည် တည်ဆောက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရန် တရုတ်နိုင်ငံက မျက်စိကျလျက်ရှိသည်။

 ကန်ဘာရာ   အောက်တိုဘာ 

သြစတြေးလျနိုင်ငံမှ သိပ္ပံပညာရှင်များသည် လူလုပ်သန္တာ ကျောက်တန်းကဲ့သို့ဖြစ်နေသည့် ပဟေဠိဆန်သော ရေကြောင်းပြဿနာ တစ်ရပ်ကိုဖြေရှင်းလိုက်နိုင်ပြီဖြစ်သည်။

မက်ဒရစ်  အောက်တိုဘာ  

ကာတာလိုနီးယားဒေသ၏ ခေါင်းဆောင် ကားပူးဒီမောင့်သည် ဥပဒေဘောင်ပြင်ပ တွင်နေထိုင်နေခြင်း ဖြစ်ကြောင်း စပိန်ဒုတိယ ဝန်ကြီးချုပ် ဆိုရာယာဆင်းဒီဆန်တာမာရီ ယာက အောက်တိုဘာ ၄ ရက်ညနေပိုင်းတွင် ပြောသည်။

မော်စကို အောက်တိုဘာ ၎

အမေရိကန် ပြည်ထောင်စုနှင့် ၎င်း၏ မဟာမိတ်များသည် ဆီးရီးယား နိုင်ငံရှိ ရုရှားတပ်ဖွဲ့ ဝင်များအပေါ် သေစေနိုင်သော ရန်စမှုများ လုပ်ဆောင်နေကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလက်ရော့က အောက်တိုဘာ ၄ ရက်တွင် အပြစ်တင် စွပ်စွဲထားကြောင်း သိရသည်။

ဂျကာတာ အောက်တိုဘာ ၎

အင်ဒိုနီးရှား နိုင်ငံ၌ ခြံစောင့် အလုပ်သမား တစ်ဦးသည် လမ်းတစ်ခုပေါ်၌ ယာဉ်သွား ယာဉ်လာများကို ပိတ်ဆို့မှု ဖြစ်ပေါ်စေသည့် ၂၃ ပေရှိသော စပါးအုံးမြွေ တစ်ကောင်ကို လုံးထွေးစွာ သတ်ဖြတ်လိုက်ကြောင်း သိရသည်။

ဝါရှင်တန် အောက်တိုဘာ ၎

၂ဝ၁၅ ခုနှစ် အီရန်နျူကလီးယား သဘောတူညီချက်မှ အမေရိကန် ထွက်ခွာမည့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ ရည်ရွယ်ချက်ကို တစ်နေ့တည်းမှာပင် ၎င်း၏ အစိုးရ အဖွဲ့မှ ထိပ်တန်း တာဝန်ရှိသူများနှင့် အီရန်ခေါင်းဆောင်များက အပြစ်တင် ဝေဖန်လိုက်ကြောင်း သိရသည်။

ဂျေရုဆလင် အောက်တိုဘာ ၎

အစ္စရေးနိုင်ငံ မြောက်ပိုင်းရှိ စစ်အင်ဂျင်နီယာ အခြေစိုက် စခန်းတစ်ခု၌ စစ်ဘက်သုံး အဆင့်ရှိ လက်နက်ခဲယမ်း အများအပြား ပျောက်ဆုံးသွားကြောင်း သိရသည်။

တစ်ချိန်က အရှေ့အလယ်ပိုင်းတွင် ဘုရင်တစ်ဆူ ဖြစ်ခဲ့ပြီး ရုရှားတို့ပင် ကြောက်ခဲ့ရသော တူရကီ၏ အော်တိုမန်အင်ပါယာ ပြန်လည်ရှင်သန်လာရေး အိပ်မက်မှာ အာဒိုဂန် တက်လာခဲ့သည့် အချိန်မှစ၍ တူရကီအစိုးရ မက်လာခဲ့သည့် အိပ်မက်ဖြစ်သည်။ ထို့ကြောင့် အာဒိုဂန်က တူရကီ၏ စစ်အင်အားကို အကောင်းဆုံး အနေအထား တစ်ရပ်အထိ အဆင့်မြှင့်တင်ခဲ့ပြီး ယခု ကမ္ဘာ့အကောင်းဆုံး စစ်တပ် ၁ဝ ခုတွင် တူရကီစစ်တပ်လည်း ထိပ်ဆုံးတစ်နေရာ၌ တစ်ခုအပါအဝင် ဖြစ်လာသည်။

 

ပဲရစ်  အောက်တိုဘာ 

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ ဂျော်ဒန် စစ်သံရုံး ရှေ့၌

စတော့ဟုမ်း အောက်တိုဘာ ၎

၂ဝ၁၇ ခုနှစ်   ဓာတုဗေဒ ဘာသာရပ် အတွက် နိုဘယ်ဆုကို  သိပ္ပံ ပညာရှင်များ ဖြစ်သည့်  ယာ့ဒူဘိုချက်၊  ဂျိုအာချင်ဖရန့် နှင့် ရစ်ချက် ဟန်ဒါဆင် တို့အား ချီးမြှင့် ပေးအပ်ရန် ရွေးချယ်လိုက်ကြောင်း နိုဘယ်ဆု ချီးမြှင့်ရေး အဖွဲ့ကြီးက အောက်တိုဘာ ၄ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ သိပ္ပံပညာရှင် များသည် ဇီဝ မော်လီကျူးများ၏ ပုံရိပ်ရှာဖွေရာတွင် ပိုမို အထောက်အကူ ပြုစေနိုင်သည့် အပြင် ပိုမို ရှင်းလင်း စေနိုင်သည့် cryo-electron  microscopy နည်းလမ်း တစ်ရပ်ကို ဖော်ထုတ် နိုင်ခြင်းကြောင့် နိုဘယ်ဆု ချီးမြှင့်ခံရခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ နည်းလမ်းသည် ဇီဝဓာတု ဗေဒပညာရပ်အား  တစ်ခေတ် ဆန်းစေသည်ဟု ဆွီဒင် တော်ဝင်ဆေး သိပ္ပံအဖွဲ့က ထုတ်ပြန်ချက် တစ်ရပ်တွင် ပြောသည်။  ဓာတုဗေဒ ဆိုင်ရာ နိုဘယ်ဆု အတွက် ချီးမြှင့်ငွေအဖြစ် စတာလင်ပေါင် ၈၃၅၇၁ဝ ဒသမ ၈၉ ပေါင် ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆုကို ၂ဝ၁၇ ခုနှစ်အတွက် ပေးအပ်သည့်  ဆေးပညာနှင့် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုများ ချီးမြှင့်ပြီးနောက် တတိယ မြောက်အဖြစ် ထုတ်ပြန် ကြေညာခြင်း ဖြစ်သည်။ ယာ့ဒူဘိုချက်သည်   ဆွစ်ဇာလန်နိုင်ငံ လူဆန်း တက္ကသိုလ်မှ ဖြစ်ပြီး ဂျိုအာချင် ဖရန့်မှာ အမေရိကန် ပြည်ထောင်စု နယူးယောက်ရှိ ကိုလံဘီယာ တက္ကသိုလ်မှ ဖြစ်ကာ ဂျာမနီဇာတိ ဖွားတစ်ဦး လည်းဖြစ်သည်။    အလားတူ ရစ်ချက် ဟန်ဒါဆင်သည် ဗြိတိန်နိုင်ငံမှ ဖြစ်ကြောင်း သိရသည်။      

Page 335 of 373