SJ WorldNews - шаблон joomla Авто

အိန္ဒိယအစိုးရသည် အငြင်းပွားဒေသများဖြစ်သည့် ကက်ရှ်မီးယားနှင့် ဂျမူးပြည်နယ်အတွင်းရှိ စစ်သွေးကြွများအား နှိမ်နင်းရေးမစ်ရှင်ကို ပြုလုပ်နေစဉ်နှင့် ပါကစ္စတန်နှင့် တင်းမာနေစဉ်အတွင်း အမေရိကန် ပြည်ထောင်စုနှင့် ၎င်းတို့ကြား ကာကွယ်ရေး နည်းပညာပူးပေါင်းမှု တိုးမြှင့်ရန် သဘောတူညီ လိုက် သည်ကိုတွေ့ရသည်။

တီဟီရန် စက်တင်ဘာ ၃ဝ

အီရတ်နိုင်ငံ ကာဒစ်စတန် ဒေသသို့ ရေနံစိမ်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းကို အီရန်ယာဉ် သွားလာရေး ထိန်းသိမ်းမှု အဖွဲ့အစည်းက တားမြစ်ထားကြောင်း IRNA သတင်းဌာနက စက်တင်ဘာ ၃ဝ ရက်တွင် ဖော်ပြထားသည်။

ပေကျင်း စက်တင်ဘာ ၃ဝ

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်တေလာဆန်နှင့် စက်တင်ဘာ ၃ဝ ရက်တွင် တွေ့ဆုံပြီး ယခုနှစ် ကုန်ပိုင်းတွင် တရုတ်နိုင်ငံသို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် လာရောက်လည်ပတ်မည့် အကြောင်းအရာနှင့် ပတ်သက်၍ ဆွေးနွေးကြောင်း သိရသည်။

နယူးယောက်  စက်တင်ဘာ  ၃ဝ

အမေရိကန် နိုင်ငံသား တစ်ဦးသည် အယ်ကိုင်ဒါ စစ်သွေးကြွ အဖွဲ့အား ထောက်ပံ့ပေးပြီး အာဖဂန်နစ္စတန် နိုင်ငံရှိ အမေရိကန် စစ်အခြေစိုက် စခန်းတစ်ခု၌ ၂ဝဝ၉ ခုနှစ်တွင် ဖြစ်ပွားသည့် ကားဗုံးခွဲ တိုက်ခိုက်မှုအတွက် ကြိုတင် ပြင်ဆင်မှုများကို ကူညီပေးခဲ့ကြောင်း ဘရွတ်ကလင်း ဗဟိုတရားရုံးမှ ဂျူရီအဖွဲ့ဝင် လူကြီးများက စက်တင်ဘာ ၂၉ ရက်တွင် တွေ့ရှိသည်။

နယူးဒေလီ စက်တင်ဘာ ၃ဝ

အိန္ဒိယသမ္မတ ရမ်နက်ကိုဗင့်သည် စက်တင်ဘာ ၃ဝ ရက်တွင် ဘီဟာပြည်နယ်၊ တမီးနာဒူ ပြည်နယ်၊ အာသံပြည်နယ်နှင့် မီဂါလေယာ ပြည်နယ်တို့အတွက် ပြည်နယ် အုပ်ချုပ်ရေးမှူး အသစ်များကို အသီးသီး ခန့်အပ်လိုက်ကြောင်း တာဝန်ရှိသူများ၏ ပြောဆိုချက်အရ သိရသည်။

ကိပ်တောင်း  စက်တင်ဘာ  ၃ဝ

တောင်အာဖရိကရှိ နွမ်းပါးသည့် ဒေသတစ်ခု၌ စက်တင်ဘာ ၂၉ ရက် ညအချိန်တွင်  လူဆိုးဂိုဏ်းနှင့် ဆက်စပ်နေသော အကြမ်းဖက်မှုများ ဖြစ်ပွားရာ လူ ၁ဝ ဦးသေဆုံးကြောင်း  ရဲတပ်ဖွဲ့က စက်တင်ဘာ ၃ဝ ရက်တွင် ပြောသည်။

ဆန်ဆာဗေးဒေါ စက်တင်ဘာ ၃ဝ

အယ်ဆာဗေးဒေါ နိုင်ငံ၌ ရက်များစွာကြာ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် မြေပြိုမှု ဖြစ်ပွားရာ မိသားစုတစ်စုမှ လူလေးဦး သေဆုံးသွားကြောင်း အာဏာပိုင်များက ပြောသည်။

Page 338 of 373