SJ WorldNews - шаблон joomla Авто

တစ်ချိန်က အရှေ့အလယ်ပိုင်းတွင် ဘုရင်တစ်ဆူ ဖြစ်ခဲ့ပြီး ရုရှားတို့ပင် ကြောက်ခဲ့ရသော တူရကီ၏ အော်တိုမန်အင်ပါယာ ပြန်လည်ရှင်သန်လာရေး အိပ်မက်မှာ အာဒိုဂန် တက်လာခဲ့သည့် အချိန်မှစ၍ တူရကီအစိုးရ မက်လာခဲ့သည့် အိပ်မက်ဖြစ်သည်။ ထို့ကြောင့် အာဒိုဂန်က တူရကီ၏ စစ်အင်အားကို အကောင်းဆုံး အနေအထား တစ်ရပ်အထိ အဆင့်မြှင့်တင်ခဲ့ပြီး ယခု ကမ္ဘာ့အကောင်းဆုံး စစ်တပ် ၁ဝ ခုတွင် တူရကီစစ်တပ်လည်း ထိပ်ဆုံးတစ်နေရာ၌ တစ်ခုအပါအဝင် ဖြစ်လာသည်။

 

ပဲရစ်  အောက်တိုဘာ 

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ ဂျော်ဒန် စစ်သံရုံး ရှေ့၌

စတော့ဟုမ်း အောက်တိုဘာ ၎

၂ဝ၁၇ ခုနှစ်   ဓာတုဗေဒ ဘာသာရပ် အတွက် နိုဘယ်ဆုကို  သိပ္ပံ ပညာရှင်များ ဖြစ်သည့်  ယာ့ဒူဘိုချက်၊  ဂျိုအာချင်ဖရန့် နှင့် ရစ်ချက် ဟန်ဒါဆင် တို့အား ချီးမြှင့် ပေးအပ်ရန် ရွေးချယ်လိုက်ကြောင်း နိုဘယ်ဆု ချီးမြှင့်ရေး အဖွဲ့ကြီးက အောက်တိုဘာ ၄ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ သိပ္ပံပညာရှင် များသည် ဇီဝ မော်လီကျူးများ၏ ပုံရိပ်ရှာဖွေရာတွင် ပိုမို အထောက်အကူ ပြုစေနိုင်သည့် အပြင် ပိုမို ရှင်းလင်း စေနိုင်သည့် cryo-electron  microscopy နည်းလမ်း တစ်ရပ်ကို ဖော်ထုတ် နိုင်ခြင်းကြောင့် နိုဘယ်ဆု ချီးမြှင့်ခံရခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ နည်းလမ်းသည် ဇီဝဓာတု ဗေဒပညာရပ်အား  တစ်ခေတ် ဆန်းစေသည်ဟု ဆွီဒင် တော်ဝင်ဆေး သိပ္ပံအဖွဲ့က ထုတ်ပြန်ချက် တစ်ရပ်တွင် ပြောသည်။  ဓာတုဗေဒ ဆိုင်ရာ နိုဘယ်ဆု အတွက် ချီးမြှင့်ငွေအဖြစ် စတာလင်ပေါင် ၈၃၅၇၁ဝ ဒသမ ၈၉ ပေါင် ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆုကို ၂ဝ၁၇ ခုနှစ်အတွက် ပေးအပ်သည့်  ဆေးပညာနှင့် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုများ ချီးမြှင့်ပြီးနောက် တတိယ မြောက်အဖြစ် ထုတ်ပြန် ကြေညာခြင်း ဖြစ်သည်။ ယာ့ဒူဘိုချက်သည်   ဆွစ်ဇာလန်နိုင်ငံ လူဆန်း တက္ကသိုလ်မှ ဖြစ်ပြီး ဂျိုအာချင် ဖရန့်မှာ အမေရိကန် ပြည်ထောင်စု နယူးယောက်ရှိ ကိုလံဘီယာ တက္ကသိုလ်မှ ဖြစ်ကာ ဂျာမနီဇာတိ ဖွားတစ်ဦး လည်းဖြစ်သည်။    အလားတူ ရစ်ချက် ဟန်ဒါဆင်သည် ဗြိတိန်နိုင်ငံမှ ဖြစ်ကြောင်း သိရသည်။      

 

မော်စကို  အောက်တိုဘာ 

ကာတာလိုနီးယား ဒေသသည် မကြာမီရက် ပိုင်းအတွင်း စပိန်နိုင်ငံမှ ခွဲထွက်၍

ဝါရှင်တန်  အောက်တိုဘာ 

ကျူးဘားနိုင်ငံ ဟာဗားနားရှိ အမေရိကန် သံရုံးမှ အမှုထမ်းများ အသံလှိုင်းဖြင့်တိုက် ခိုက်ခံရပြီးနောက်

မော်စကို အောက်တိုဘာ ၃

ရုရှားဝန်ကြီးချုပ် ဒီမီထရီမက်ဗီဒက်သည်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အဆင့်မြင့်ဖွံ့ဖြိုးရေးဒေသကြီးလေးခုကို တည်ထောင်ရန်အတွက် ဥပဒေ တစ်ရပ်ကို

ပဲရစ် အောက်တိုဘာ ၃

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ လူနေရပ်ကွက်အဆောက် အအုံ တစ်ခု၏ အပြင်ဘက်တွင်ဖောက်ခွဲရေး ပစ္စည်း တစ်ခုကို ရှာဖွေတွေ့ရှိပြီးနောက်ပိုင်းတွင် ယင်းဖောက်ခွဲရေး ပစ္စည်းနှင့်

ဝါရှင်တန် အောက်တိုဘာ ၃

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် ထိုင်းအစိုးရခေါင်းဆောင် ပရာယုချန်အိုချာအား အောက်တိုဘာ ၂ ရက်တွင် အိမ်ဖြူတော်၌ လက်ခံတွေ့ဆုံကြောင်း သိရသည်။

မနီလာ အောက်တိုဘာ ၃

ဖိလစ်ပိုင်နိုင်ငံ အတွင်းရှိ ပြည်သူ့ လက်နက်ကိုင် တပ်ဖွဲ့သစ် (NPA) သူပုန် တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မကြာမီကာလအတွင်း ထပ်မံလက်နက် ချမည် ဟုမျှော်လင့်ရကြောင်း အစိုးရစစ်ဘက်ကထုတ်ပြန်ထားကြောင်း

Page 345 of 382