SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

Boom ကုမ္ပဏီမှထုတ်လုပ်မည့် အသံထက်မြန်ခရီးသည်တင် လေယာဉ်သည် သာမန် အားဖြင့် အချိန် ၈ နာရီခွဲခန့်လေယာဉ်စီးရသည့် လန်ဒန်မြို့မှ နယူးယောက်မြို့သို့ ၃ နာရီ ၁၅ မိနစ်နှင့် အရောက်သွားနိုင်မည်ဖြစ်ပြီး ယင်းလေယာဉ်ကို ၂ဝ၂၅ ခုနှစ်တွင် စတင်စီးနင်းနိုင်မည်ဖြစ်သည်။ အဆိုပါလေယာဉ်သည် တစ်နာရီလျှင် ၁၆၈၇ မိုင်နှုန်းဖြင့် မောင်းနှင်နိုင်မည်ဖြစ်ပြီး ယင်းအမြန်နှုန်းသည် ကွန်းကော့လေယာဉ်ထက် တစ်နာရီလျှင် မိုင် ၁ဝဝ ခန့် ပိုမိုမြန်ဆန်သည်။

၂ဝ၁၈ ခုနှစ်အကုန်တွင် တစ်နာရီလျှင် ၁၄၅၁ မိုင်နှုန်းဖြင့်မောင်းနှင်နိုင်မည့် Baby Boom ဟုအမည်ပေးထားသော လေယာဉ်ငယ်ကို စမ်းသပ်မောင်းနှင်မှုများ စတင်ပြုလုပ်သွားမည်ဖြစ်သည်။ ထို့နောက် ခရီးသည် ၅၅ ဦးလိုက် ပါနိုင်မည့် လေယာဉ် အကြီးစားသည် ၂ဝ၂၅ ခုနှစ်တွင် စီးပွားဖြစ်ပျံသန်းမှုများ လုပ်ဆောင်နိုင်မည်ဟု အဆိုပါကုမ္ပဏီ ကပြောထားသည်။

ရပ်ဝေးတွင် အလုပ်သွားလုပ်နေရသည့် မိသားစုများသည် လေယာဉ်စီးရသည့်အချိန် ကြာမြင့်ခြင်းကြောင့် ဝေးကွာနေရကြောင်း၊ ထို့ကြောင့်သာမန်အားဖြင့်ဆိုလျှင် အရေးကြီး ကိစ္စမရှိပါက မိသားစုမဆုံဖြစ်ကြောင်း၊ ယင်းပြဿနာ များကို  ပြေလည်စေရန်အတွက် ယခုကဲ့သို့ တီထွင်လိုက်ခြင်းဖြစ်ကြောင်း ကုမ္ပဏီတည်ထောင်သူ  ဘလိတ်ဆခိုးကဆိုသည်။

သို့သော် Boom ကသတ်မှတ်ထားသည့် လေယာဉ်လက်မှတ်ဈေးနှုန်းသည် ဒေါ်လာ ၂၅ဝဝ ဖြစ်သည့်အတွက် လန်ဒန်မှနယူးယောက်သို့ ပြေးဆွဲနေသောလက်ရှိ လေကြောင်းလိုင်းအားလုံး၏ လက်မှတ်ခများထက် များပြားနေ သည်။ အဆိုပါ ခရီးသည်တင်လေယာဉ်ကို ပင်လယ်ရေမျက်နှာပြင်အထက်ပေ ၆ဝဝဝဝ အောက်မှ မောင်းနှင်မည်ဖြစ်သောကြောင့် ခရီးသည်များအနေဖြင့် ကမ္ဘာမြေပြင်၏ အလှအပများကို ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။

ယင်းလေယာဉ်ကို ပုံစံရေးဆွဲတီထွင်ထား သူများမှာ NASA၊ Space နှင့် Boeing ကုမ္ပဏီတို့မှ ကျွမ်းကျင်ပညာရှင်ဟောင်းများဖြစ်သည်။ ထို့ကြောင့် လက်ရှိပြေးဆွဲနေသော ခရီးသည်တင်လေယာဉ်များထက် ၂ ဒသမ ၆ ဆပိုမိုမြန်ဆန်သည့် အသံထက်မြန်လေယာဉ်ကို ထုတ်လုပ်နိုင်ခြင်းဖြစ်ကြောင်း ၄င်းတို့ကဆိုသည်။  လက်ရှိတွင် အဆိုပါလေယာဉ် ၇၆ စင်းကိုဝယ်ယူရန်အတွက် အမည်မဖော်လိုသည့် လေကြောင်းလိုင်း ငါးလိုင်းကမှာယူ ထားပြီဖြစ်သည်။

Page 374 of 441