SJ WorldNews - шаблон joomla Авто

တရုတ်-အမေရိကန် ကုန်သွယ်ရေး ဆွေးနွေးပွဲတွင် ထပ်ဆောင်းအခွန် တိုးမြှင့် ကောက်ခံမှု ဖယ်ရှားရေး အပါအဝင် ကွဲလွဲမှုသုံးခု ရှိနေသေးကြောင်း တရုတ်သတင်း ဌာနများက မေ ၁၁ ရက်တွင် ဖော်ပြသည်။

တရုတ်နိုင်ငံ အနေဖြင့် အမေရိကန် အစိုးရ၏ ဖိအားပေးမှုများကို မည်သည့်အခါမျှ ခေါင်းငုံ့ခံ မည် မဟုတ်ကြောင်း၊ နိုင်ငံ၏ မည်သည့်စည်းမျဉ်း ဥပဒေနှင့် မဆို အပေးအယူ လုပ်မည် မဟုတ်ကြောင်း People's Daily နှင့်  Xinhua သတင်း ဌာနတို့က ဖော်ပြသည်။

တရုတ်နိုင်ငံမှ သွင်းကုန်များ အပေါ် ထပ်ဆောင်း အခွန်တိုးမြှင့် ကောက်ခံမှုကို ဖယ်ရှား၍ နှစ်နိုင်ငံ ကုန်သွယ်ရေးကို ပြန်လည်စတင်ရန် တရုတ်အစိုးရက တောင်းဆို ထားသည်။

ထို့ပြင် ကုန်သွယ်မှု စာရင်းနှင့် ကိန်းဂဏန်းများ လက်တွေ့ကျ စေရန်၊ ရေးသား ဖော်ပြချက် များနှင့် ဝေါဟာရများမှာ တရုတ်ပြည်သူများ လက်ခံနိုင်စေရန် လိုအပ်ကြောင်း၊ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို မထိပါး စေသင့်ကြောင်း People's Daily သတင်းစာက ဖော်ပြထား သည်။ ထပ်ဆောင်းအခွန် တိုးမြှင့်ကောက်ခံခြင်းကို ဖယ်ရှားရေးသည် အမေရိကန် စီးပွားရေး နှင့် စိုက်ပျိုးရေးကဏ္ဍတို့က တောင်းဆိုထားသည့် အချက်ဖြစ်ကြောင်း၊ အခက်အခဲများကို ကျော်လွှား နိုင်ရေး နှစ်နိုင်ငံစလုံးကမလျှော့သောဇွဲလုံ့လဖြင့်လုပ်ဆောင်ရမည်ဖြစ်ကြောင်း Xinhua သတင်းဌာနကဖော်ပြသည်။

အမေရိကန် နှင့် တရုတ်အစိုးရတို့သည် ၎င်းတို့၏ ကုန်သွယ်ရေး ဆွေးနွေးပွဲများကို ပေကျင်း မြို့၌ ဆက်လက်ကျင်းပရန် သဘောတူထားပြီး လက်ရှိကုန်သွယ်ရေး ဆွေးနွေးမှုများသည် ရိုးသား ပွင့်လင်းပြီး အပြုသဘောဆောင် သည်ဟု တရုတ်ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် လျူဟေက ပြောသည်။

Ref: Reuters

ဒီဇင်ဘာလတွင် ကုလသမဂ္ဂက ကြားဝင်ဖျန်ဖြေပေးသည့် အပစ်အခတ် ရပ်စဲရေး သဘောတူ ညီချက်ကို ပြီးမြောက်အောင် ဆောင်ရွက်သည့် ကြိုးပမ်းချက် အနေဖြင့် ဟိုဒေဒါဆိပ်ကမ်းမှ ဆုတ်ခွာပြီ ဖြစ်ကြောင်း ယီမင်သူပုန် အဖွဲ့က မေ ၁၁ ရက်တွင် အတည်ပြု ထုတ်ပြန် ထား သည်။

အဆိုပါ ဟိုဒေဒါဆိပ်ကမ်းသည် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာနှင့် ယီမင်၏ သွင်း ကုန်များ အတွက် အဓိကဝင်ပေါက်တစ်ခု ဖြစ်သည်။ ၎င်းတို့၏ အသက်သွေးကြော တစ်ခုဖြစ် သည့် ယင်းဆိပ်ကမ်းသည် လေးနှစ်ကျော်ကြာ ဖြစ်ပွားသည့် ပဋိပက္ခများကြောင့် အငတ်ဘေး အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ရသည့် ပြည်သူသန်းပေါင်း များစွာကို ကူညီထောက်ပံ့မှုများ ပေးလျက် ရှိကြောင်း သိရသည်။

ယီမင် သူပုန်များသည် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီတွင် အဆိုပါ ဟိုဒေဒါဆိပ်ကမ်းမှ တစ်ဖက်သတ် ဆုတ်ခွာခဲ့ခြင်း ဖြစ်ကြောင်း ယီမင်တော်လှန်ရေး ကော်မတီ အဖွဲ့ခေါင်းဆောင် မိုဟမ်မတ် အယ်ဟူသီက ပြောသည်။

၎င်းတို့အနေဖြင့် ယာယီအပစ်အခတ် ရပ်စဲရေး သဘောတူညီချက်အရ ယင်းဆိပ်ကမ်းမှ ဆုတ်ခွာမည်ဟု ကတိပြု ပြောဆိုထားသည်။ သို့သော် ဆော်ဒီထောက်ခံသည့် အစိုးရ အဖွဲ့ သည် ဟိုဒေဒါ ဆိပ်ကမ်းမြို့မှ ၎င်းတို့နှင့် အပြိုင်ဆုတ်ခွာမှုကို ထပ်ပြီး နှောင့်နှေးကြန့်ကြာ စေပြီး နောက် ယင်းဆိပ်ကမ်းမှ တစ်ဖက်သတ် ဆုတ်ခွာသွားရန် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်ဟု မိုဟမ်မတ် အယ်ဟူသီက ဆက်ပြောသည်။

Ref:AFP

 

Page 7 of 338