SJ WorldNews - шаблон joomla Авто

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာနိုင်ငံ ဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံ သံအမတ်ကြီးအား လက်ခံ တွေ့ဆုံ

Thursday, 03 August 2017 15:58 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   သြဂုတ်   ၂

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့မွန်းလွဲ ၂ နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ  ဖိလစ်ပိုင်နိုင်ငံ သံအမတ်ကြီး  H.E.Mr. Eduardo E. Kapunan,Jr.အား ဇေယျာသီရိ ဗိမာန်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ ဆုံသည်။

တွေ့ဆုံပွဲသို့ ဒုတိယ တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံ သံအ မတ်ကြီးနှင့်အတူ စစ်သံမှူး Col.Vicente Mark Anthony p. Blanco III  နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် လုပ်ဆောင်နေမှု အခြေအနေများ၊ တပ်မတော် နှစ်ရပ်အကြား ပိုမိုနီးကပ်စွာ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ သမိုင်းကြောင်းနှင့် လက်ရှိရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ တူညီသောကြောင့် တပ်မတော် နှစ်ရပ်အကြား အတွေ့အကြုံ ဖလှယ်ရေး ကိစ္စရပ်များ၊ ဖိလစ်ပိုင်နိုင်ငံ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် လူကုန်ကူးမှု တားဆီး ကာကွယ်ရေးတို့တွင် ထိရောက်စွာ လုပ်ဆောင်နေမှု အခြေအနေ များ၊ အကြမ်းဖက်မှု တားဆီးနှိမ်နင်းရေးဆိုင်ရာ အတွေ့အကြုံ ဖလှယ်ရေး၊ တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန် သွားရောက်ရေးနှင့် ကာကွယ်ရေး စွမ်းအားမြှင့်တင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် ဖြစ်နိုင် ခြေကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အပြန်အ လှန် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)က ဖိလစ်ပိုင်နိုင်ငံ သံအမတ်ကြီးအား အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်ပြီး အဖွဲ့ဝင်များနှင့်အတူ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Read 697 times Last modified on Friday, 04 August 2017 09:03