SJ WorldNews - шаблон joomla Авто

တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)မှ တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ ဟိုင်းကြီးကျွန်းမြို့နယ်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

Friday, 12 January 2018 08:15 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇန်နဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးရန် ရောက်ရှိနေသော နယ်လှည့်အထူး ကုဆေးအဖွဲ့များပါဝင်သည့် တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော(သံလွင်)သည် ယနေ့တွင် ဟိုင်းကြီးကျွန်းမြို့နယ်ရှိ တပ်မတော် ဆေးရုံ၌ ဒေသခံပြည်သူ ၂၃၇ ဦးအားကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၃၈ ဦး၊ ခွဲစိတ်ရောဂါ ၂၈ ဦး၊ ကလေးရောဂါ ၄၅ ဦး၊ သားဖွား/မီးယပ်ရောဂါ ၂၉ ဦး၊ အရိုးရောဂါ ၂၄ ဦး၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ ၁၆ ဦး၊ မျက်စိရောဂါ ၂၅ ဦးနှင့် သွားရောဂါ ၃၂ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ မျက်စိခွဲစိတ်လူနာရှစ်ဦး၊ ဓာတ်မှန်ရိုက်လူနာငါးဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၁၈ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၉ ဦးတို့ကို ရောဂါရှာဖွေ စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် ဒေသခံပြည်သူ ၁၉ ဦးအား ဆေးရုံသင်္ဘောပေါ်တွင် ဆေးရုံတင် ကုသပေးခဲ့ကြောင်း သတင်း ရရှိသည်။

Read 707 times Last modified on Friday, 12 January 2018 08:17