SJ WorldNews - шаблон joomla Авто

၂ဝ၁၈ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ စတင်ကျင်းပ

Friday, 12 January 2018 08:16 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   ဇန်နဝါရီ   ၁၁

၂ဝ၁၈ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၁) ပထမနေ့ကို ယနေ့ညနေပိုင်းတွင် မုံရွာကွင်း၌ စတင်ကျင်းပရာ စစ်ကိုင်း ယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့  ဂိုးမရှိ သရေကျခဲ့သည်။

စစ်ကိုင်းယူနိုက်တက်(ယခင်မဟာယူနိုက် တက်)အသင်းသည် MNL သို့  ပထမဆုံး တန်းတက်ခွင့်ရသည့် ရာသီ တွင် စစ်ကိုင်းတိုင်း ဒေသကြီး ကိုယ်စားပြုကာ  အသင်းအမည် ပြောင်းလဲယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

စစ်ကိုင်းယူနိုက်တက်အသင်းသည် အိမ်ကွင်းအဖွင့်ပွဲတွင် ရလဒ်ကောင်းရန် ကြိုးပမ်းခဲ့သော်လည်း သရေရလဒ်ဖြင့် သာ ကျေနပ်ခဲ့ရသည်။ ပြီးခဲ့သည့်ရာသီတွင် အဆင့်(၅) ရရှိခဲ့သည့် ရခိုင်ယူနိုက်တက် အသင်းမှာလည်း         ကစားသမား အပြောင်းအလဲ များခဲ့၍ ပုံမှန်ခြေစွမ်း ပြန်မရသေးဘဲ ခံစစ်ပိုင်းကစားပုံ ကောင်းခဲ့၍ သရေ ရယူနိုင် ခဲ့ခြင်းဖြစ်သည်။

နှစ်သင်းစလုံး နိုင်ငံခြားသား ကစားသမား သုံးဦးအပါအဝင် အမာခံ ကစားသမားအစုံအလင် ပါဝင်ခဲ့ပြီး ပထမပိုင်း တွင် အိမ်ရှင်စစ်ကိုင်း ယူနိုက်တက်အသင်းက ပိုဖိကစားနိုင်ခဲ့သည်။ စစ်ကိုင်း ယူနိုက်တက်အသင်းသည်  ဂိုးသွင်း ခွင့်များ ဖန်တီးနိုင်ခဲ့သော်လည်း အဆုံးသတ် အားနည်းခဲ့သောကြောင့် ဂိုးမရခဲ့ပေ။

ရခိုင်အသင်းမှာ အမာခံ ကစားသမားအချို့ အသင်းပြောင်းသွားသောကြောင့် ပုံမှန်ခြေ စွမ်းမပြနိုင်ဘဲ ပထမပိုင်း တွင် ထိရောက်သည့် ဂိုးသွင်းခွင့် အချို့သာ ဖန်တီးနိုင်ခဲ့သည်။ ဒုတိယပိုင်းတွင် နှစ်သင်းစလုံး ကစားသမားများ အပြောင်းအလဲ လုပ်ကာ တိုက်စစ်အား မြှင့်ခဲ့သော်လည်း စစ်ကိုင်းယူနိုက်တက်အသင်းကသာ ပွဲကိုဆက်လက် စိုးမိုးနိုင်ခဲ့ပြီး ဂိုးရရှိရန် ကြိုးပမ်းခဲ့သော်လည်း ရခိုင်နောက်တန်းနှင့် ဂိုးသမားတို့ အမှားမရှိခဲ့၍ သရေရလဒ်ဖြင့် ပြီးဆုံး ခဲ့ခြင်းဖြစ်သည်။

ပွဲစဉ်(၁)ဒုတိယနေ့ကို ဇန်နဝါရီ ၁၂ ရက်(ယနေ့)ညနေ ၄ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ဆက်လက် ကျင်းပ မည်ဖြစ်ပြီး ဇွဲကပင် အသင်းနှင့် လက်ရှိချန်ပီယံရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

Read 585 times Last modified on Friday, 12 January 2018 08:20