SJ WorldNews - шаблон joomla Авто

ရခိုင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများက ဒေသခံများအတွက် ပိုမိုအကျိုးရှိ၊ အထောက်အကူ ဖြစ်စေနိုင်

Friday, 12 January 2018 17:48 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဇန်န၀ါရီ - ၁၂

ရခိုင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံများ ဆောင်ရွက်နိုင်သော စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းများ၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် စီးပွားရေး ဆိုင်ရာ အခြေခံ အဆောက်အအုံများ ဖန်တီးပေးခြင်း၊ နည်းပညာများ ကူညီ ပေးခြင်းက ဒေသခံ ပြည်သူများ၏ ဘ၀ ရပ်တည်ရေးအတွက် ပိုမို အကျိုးရှိ၊ အထောက်အကူပြု နိုင်ပြီး ပြည်သူလူထု ကလည်း ပိုမိုလိုလားကြမည် ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Taro KONO အား ယနေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tateshi HIGUCHI ၊ဂျပန် နိုင်ငံခြားရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Shigeki TAKIZAKI ၊ ဂျပန်နိုင်ငံစစ်သံမှူး Col.Kei TAJIKA နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန် တိုးတက် လျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးအတွက် ဂျပန်နိုင်ငံ၏ ကူညီ ဆောင်ရွက်ခဲ့မှုများ၊ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရာ၌ ဂျပန်နိုင်ငံ၏ အထောက်အကူ ပေးမှုများ၊ အာရှဒေသ ကုန်သွယ်ရေ လမ်းကြောင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်ပြည်နယ် ဖြစ်စဉ်များနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်နေမှု အခြေအနေများ၊ နိုင်ငံတော်နှင့် နိုင်ငံသား များအတွက် တပ်မတော်မှ အကာအကွယ် ပေးဆောင်ရွက်နေမှု အခြေအနေများ၊ ရခိုင်ပြည်နယ်အတွက် ဂျပန်နိုင်ငံက အကူအညီ ပေးမည့် ကိစ္စရပ်များ၊ တပ်မတော် နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်မှု အခြေအနေများအား အပြန်အလှန် ဆွေးနွေး ပြောကြားခဲ့ ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးတို့သည် အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး တက်ရောက် လာကြသူများနှင့်အတူ စုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြကြောင်းသတင်း ရရှိသည်။

 

Read 867 times Last modified on Friday, 12 January 2018 17:58