SJ WorldNews - шаблон joomla Авто

တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)မှ တပ်မတော်နယ်လှည့် အထူးကု ဆေးအဖွဲ့ ဟိုင်းကြီးကျွန်းမြို့နယ်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်

Sunday, 14 January 2018 09:43 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်နဝါရီ  ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ်ရှိ ဒေသခံပြည်သူများအား ကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသော နယ်လှည့်အထူးကု ဆေးအဖွဲ့များပါဝင်သည့် တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)သည် ယနေ့တွင် ဟိုင်းကြီးကျွန်းမြို့နယ်ရှိ တပ်မတော်ဆေးရုံ၌ ဒေသခံပြည်သူ ၁၇၉ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၅၇ ဦး၊ ခွဲစိတ်ရောဂါ ၂ဝ ဦး၊ ကလေးရောဂါ ၁၃ ဦး၊  သားဖွား/မီးယပ် ရောဂါ ၂၁ ဦး၊ အရိုးရောဂါ ၁၇ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၁၂ ဦး၊ မျက်စိရောဂါ ၂၁ ဦးနှင့် သွားရောဂါ ၁၈ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးပြီး ၎င်းတို့အနက်မှ မျက်စိခွဲစိတ်လူနာ ၁၁ ဦး၊ သွားခွဲစိတ်လူနာ ခုနစ်ဦး၊ ဓာတ်မှန်ရိုက် လူနာ ၁၁ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက် လူနာ ၁၆ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ် လူနာ ၁၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ် လူနာ ၁၅ ဦးတို့ကို ရောဂါရှာဖွေ စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် ဒေသခံပြည်သူ ၁၁ ဦးအား ဆေးရုံသင်္ဘောပေါ်တွင်  ဆေးရုံတင် ကုသပေးခဲ့ကြောင်း သတင်း ရရှိသည်။ 

Read 472 times Last modified on Sunday, 14 January 2018 09:45