SJ WorldNews - шаблон joomla Авто

ရေးမြို့နယ်အတွင်းရှိ ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Sunday, 21 January 2018 10:24 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇန်နဝါရီ   ၂ဝ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ဇန်နဝါရီ ၁၉ ရက်တွင်   အရှေ့တောင်တိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာရှိ  ဓမ္မရက္ခိတကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် အရိုးရောဂါ၊ သွားရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ ကလေး ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူစုစုပေါင်း ၁၂၃ ဦးတို့ကို လိုအပ် သည့်ဆေးဝါးကုသမှုများနှင့် ရောဂါရှာဖွေစမ်းသပ်စစ်ဆေးခြင်းများဆောင်ရွက်ပေးပြီး ဆေးရုံတက်

ရောက်ကုသရန်လိုအပ်သော   လူနာများအား မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို  တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့်အဖွဲ့ဝင်များက  သွားရောက် ကြည့်ရှုအားပေးပြီး   စားသောက်ဖွယ်ရာများ  ပေးအပ်သည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဓမ္မရက္ခိတကျောင်းတိုက် ဆရာ တော် ဘဒ္ဒန္တ ခန္ဓီမဟာထေရ်အားဖူးမြော်၍ ဆန်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။                             

 

Read 236 times Last modified on Sunday, 21 January 2018 10:25